နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Monday, June 30, 2014

Abelssoft AbAlarm 2013 Pro 7.0.0

 ကွန်ပျူတာ အသုံးပြုနေရင်း မိမိတို့ရဲ့ အရေးကြီး ကိစ္စတွေကို အချိန်နဲ့တပြေးညီ သတိရ ပြုလုပ်နိုင်အောင် ဒီဆော့ဝဲလ်လေးနဲ့ ကွန်ပျူတာကို Alarm ပေးထားနိုင်ပါတယ်..။ အချိန်အမျိုးမျိုးနဲ့ တီးလုံးသံစဉ်တွေကိုပါ ရွေးယူ အသုံးပြုနိုင်ပါတယ်..။ ဖရီးဆော့ဝဲလ်လေးဖြစ်ပြီး အသုံးပြုလိုတဲ့သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 13 MB ရှိပါတယ်..။


Avira Antivirus 2012 software free download

ဒီဆော့လ်ဝဲလေးကလည်း ကျနော်ကြိုက်တဲ့ Antivirus Software တွေထဲက နောက်တခုပါ..။ လူကြိုက်များတဲ့ နာမည်ကြီး ဆော့ဝဲလ်တွေထဲက တခုပါ..။ 2012 အတွက် ထုတ်ထားပေးတာပါ..။ Install ဆွဲပြီးတာနဲ့ Update အရင်လုပ်ပေးပါ..။ တခြား Antivirus Software ထက် သူ့မှာတခုပိုကောင်းတာက ဆော့ဝဲလ်တွေမှာပါလာတတ်တဲ့ Crack တို့ Path တို့ Keygen တို့ ကို ထည့်တော့မယ်ဆိုရင် ဒီကောင်လေးကိုခဏပိတ်ထားလို့ ရပါတယ်..။ File size ကတော့နည်းနည်းများတယ်..။ 83 MB ရှိပါတယ်..။ လိုအပ်တဲ့သူများကတော့ အဆင်ပြေတဲ့ link ကနေသာ ဒေါင်းယူ သွားလိုက်ပါ..
ဒေါင်းယူရန် ....

Sunday, June 29, 2014

G .Talk ကနေ နိုင်ငံပေါင်း ၃၀ကို ဖုန်း Free ခေါ်မယ်



မိတ်ဆွေများ ခင်ဗျာ ဒီပို့စ်လေးကတော့ နိုင်ငံ ပေါင်း၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးပါ…
အသုံးပြုနည်းကတော့ ….

1. Google Talk ကိုဖွင့်ပါ။

2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။

3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။

(phonenumber@talkster.gtalk2voip.com)
ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com

Facebook Account အလွယ်ဖျက်နည်း

ကျွန်တော်တို့တွေအသုံးပြုနေတဲ့ Facebook အကောင့်တွေကိုအကြောင်းအမျိုးအမျိုးကြောင့်ဖျက်ချင်တဲ့သူများ
အတွက်နည်းလမ်းလေးပါ။


အ၇င်ဆုံးမိမိဖျက်ချင်တဲ့အကောင့်ကိုဝင်လိုက်ပါ။ပြီး၇င် ဒီလင့် လေးကိုgo to the delete account linkနှိပ်ပြီးသွားလိုက်ပါ။ Submit ကိုနှိပ်လိုက်ပါ။Permanently Delete Account ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။အဲ့ဒီဘောက်လေးထဲမှမိမိတို့ဖျက်ချင်တဲ့အကောင့်၇ဲ့ password နဲ့ Txet in the box ထဲမှာသူပေးထာတဲ့စာလုံးလေးတွေကို၇ိုက်ထည့်ပြီး Okay ပေးလိုက်ပါ။နောက်ထပ်တခါထပ်ပြီးတော့ Okay ပေးလိုက်ပါ။ဒါဆို၇င်အကောင့်ကိုဖျက်လိုက်ပါလိမ့်မယ်။တကယ်လို့ အဲ့ဒီအကောင့်လေးကိုပဲပြန်လိုချင်တယ်ဆို၇င်တော့ ၁၀ ၇က်အတွင်းအကောင့်နဲ့ပတ်ဝတ်ကို၇ိုက်ပြီးပြန်ယူလို့ပါတယ်။ ၁၀ ၇က်ကျော်သွား၇င်တော့အကောင့်ကလုံးဝပျက်သွားပြီဖြစ်တဲ့အတွက်ပြန်ယူလို့၇မှာမဟုတ်တော့ပါဘူး။

အားလုံးပဲအဆင်ပြေကြပါစေ…….ကျေးဇူးတင်ပါတယ်ခင်ဗျာ……

Thursday, June 26, 2014

Blacklist SMS, MMS ,CALL Blocker










ဒါလေးကတော့ Blacklist SMS,MMS,CALL BLOCKERဆော့လ်ဝဲလေးပါ။မိမိဆီ မလိုအပ်တဲ့ ဖုန်းအဝင်CALL တွေ MASSAGES တွေ MMSတွေကို ခဏခဏဝင်နေလို့ စိတ်ညစ်နေသလား ဒီဆော့လ်ဝဲလေးနဲ့ပိတ်ထားလို့ရပါတယ်။အသုံးပြု့ရတာလွယ်ကူပြီး များစွာ အသုံးတည့်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိတ်ဆွေ လိုချင်ရင် အောက်မှာ ဒေါင်းယူသွားလိုက်ပါ။
ဒေါင်းယူရန်...download here link

Keyboard လန်းလန်းလေးတွေ သုံးချင်သူများအတွက်



Pink Keyboard free

Pink Keyboard free

Download

Fleksy Keyboard Free

Fleksy-Keyboard-Free-1 Fleksy-Keyboard-Free-2

Download

 


Pink Keyboard

Pink Keyboard-1 Pink Keyboard-2

Download





Wednesday, June 25, 2014

VZO Video Chat Old Version


ဒါလေးကတော့ VZO Video Chat Old Version အဟောင်းလေးပါ။အသစ်ဘယ်ကောင်းကောင်း အဟောင်းတော့ တလည်လည် ဆိုတဲ့ ဘော်ဒါတွေအတွက်ပါ။အသံကောရုပ်ပါကြည်လင် ပြတ်သားပြီး Record and Cerma process ပါ blance quanlity ဖြစ်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
မိတ်ဆွေလိုချင်ရင် အောက်ကလင့်ခ်မှာ ဒေါင်းသွားလိုက်ပါ။ေ
    ဒါင်းယူရန်…download here link

Format Factory New Version














ကဲ Format Factory ဆိုရင် မသိသူမရှိလောက်အောင်ကို နာမည်ကြီးပါတယ်။အခု့တော့ update အသစ်ထွက်လာလို့ ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ။ကဲကဲ မသိသေးဘူးဆိုရင်လည်းနည်းနည်းပြောပြမယ်နော်။အင်တာနက်ကနေ video တွေ သီချင်းတွေကို သူငယ်ချင်းတို့က ဒေါင်းလိုက်ကြမယ်ဆိုပါစို့။
ဒေါင်းထားတဲ video တွေကို mobile ဖုန်း, DVD Player တို့မှာ ပြန်ကြည့်ချင်တဲ့ အခါformat မကိုက်တာတွေဖြစ်တက်တယ်။ Format မကိုက်ဘူးဆိုတာက
ဒေါင်းထားတဲ့ video ရဲ့ Format က AVI တို့ RMVB စသဖြင့် ဖြစ်နေမယ်။ကိုယ်က အဲ့ဒါကို ဖုန်းထဲမှာ ထည့်ပြီးတော့ ပြန်ကြည့်တဲ့အခါ Player က အလုပ်လုပ်တော့ဘူး။Player တွေက Format အကုန်လုံးကို အလုပ်လုပ်မနိုင်ဘူးလေ။အဲ့ဒီတော့ အဆင်ပြေမယ့်
Format ကိုသွားရမယ်။

USB Drive ဖြင့်အလွယ်တကူတင်နည်း







ကျွန်တော်ဒီနေ့တော့  Windows တင်တော့မယ် ဆိုရင် CD/DVD Drive မရှိလို့ အခက်အခဲ ဖြစ်နေသူ များအတွက်  Flash Drive , USB Drive ကနေ Windows တင်လို့ရမယ့် နည်းလမ်းလေးကို ရေးပေးသွားပါမယ် အခု နည်းလမ်းလေးက Windows 7 တင်တဲ့ နည်းပါ.. XP  တင်တဲ့ နည်းကတော့ ကျွန်တော် နောက်မှ ထပ်ရေး ပေးသွားပါမယ်..အခု နည်းလမ်းလေးက အရမ်းလဲလွယ်ပါတယ်.. ကျွန်တော် မလုပ်တက်သေး သူတွေပါ အဆင်ပြေပြေ နဲ့လုပ်တက်သွား အောင်အောက်မှာ တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်..
အရင်ဆုံး Flash Drive ကနေ Windows 7 မတင်ခင် လိုအပ် တာလေးတွေကို ပြောပြပေး သွားပါမယ်..
1. Windows 7  image ISO  File
2. USB Drive  ( 4 GB )
3.WinToFlash  Software တို့လိုအပ် မှာဖြစ်ပါတယ်..

USB မှ Window တင်တက်စေဖို့ ( အပြည့်အစုံ)


 



 
 
1.ပထမဆုံး ကိုယ့်ရဲ့ စက်မှာ 64 Bit တင်ချင်လို့ စစ်ဆေးကြည့်ချင်ရင်တော့ ဒီမှာ စစ်ကြည့်နိုင်ပါတယ်..။
2.ကိုယ်လိုချင်တဲ့ Window ISO File တွေကို ဒီမှာ ရွေးချယ်ပီး Download ရယူနိုင်ပါတယ်...။
3. ISO File ကို Download ရယူပီးပီးဆိုရင် Rar File ကိုဖြေလိုက်ပါ...။
4. USB မှ Window တင်နိုင်စေဖို့ အတွက် Bootable USB ဖြစ်အောင် ပြောင်းလဲ ယူရမှာပါ..။ အဲလို လုပ်ဖို့ အတွက်   USB Stick ကို Computer မှာ  Plug ထိုးလိုက်ပါ...။
5.Bootable  USB   ဖြစ်အောင်ပြောင်းနိုင်စေဖို့ အတွက် ပထမဆုံး  မိတ်ဆက်ပေးချင်  တာကတော့  Win To Flash ဆိုတဲ့ Tool လေးပါပဲ ဒီ Tool လေးကတော့ ကိုယ်တို့ ISO ရဲ့ Components တွေ စုံလင်မှု ရှိမရှိပါ စစ်ဆေးပေးတဲ့ အတွက် အကြိုက်တွေ့စေပါတယ်..။ လိုချင်ရင်တော့

Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း


Photo: Facebook News Feed မှာ မမြင်လိုသော ပို့စ်များအား ဖယ်ရှားခြင်း Facebook မှာ up to date သတင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရဖတ်ရတာ ကြိုက်နှစ်သက်ပေမဲ့ အရည်မရ အဖတ်မရတွေကိုလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အခါမျိုးလည်း ရှိနေတတ်ပါတယ်။ အဲဒီလို အရည်မရ အဖတ်မရ ပို့စ်တွေတင်တတ်တဲ့ ကျေးဇူးရှင်လေးတွေကို အားနာလို့ သူငယ်ချင်းအဖြစ်ကနေလဲ Unfriend/Block မလုပ်ချင်ဘူးဆိုရင် ဒီနည်းလေးအတိုင်း လုပ်သာထားလိုက်တော့။ ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ်မမြင်ချင်တဲ့ သူရဲ့ page ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် အဲဒီကျေးဇူးရှင်ရဲ့ အရည်မရ အဖတ်မရ ပို့စ်တွေ သင်ရဲ့ News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။ အာရုံနောက်ခြင်း ကင်းဝေးကြပါစေ။
 
 







  Facebook မှာ up to date သတင်းတွေ၊ ဓာတ်ပုံတွေ ကြည့်ရဖတ်ရတာ ကြိုက်နှစ်သက်ပေမဲ့ အရည်မရ အဖတ်မရတွေကိုလည်း မမြင်ချင်ဘဲ မြင်နေရတဲ့ အခါမျိုးလည်း ရှိနေတတ်ပါတယ်။ အဲဒီလို အရည်မရ အဖတ်မရ ပို့စ်
တွေတင်တတ်တဲ့ ကျေးဇူးရှင်လေးတွေကို အားနာလို့ သူငယ်ချင်းအဖြစ်ကနေလဲ Unfriend/Block မလုပ်ချင်ဘူးဆိုရင် ဒီနည်းလေးအတိုင်း လုပ်သာထားလိုက်တော့။
ဒီပုံမှာ ပြထားတဲ့အတိုင်း News Feed မှာ ကိုယ်မမြင်ချင်တဲ့ သူရဲ့ page ကိုသွားပြီး Friends button ကိုနှိပ် Shows in News Feed ကို uncheck လုပ်ပေးလိုက်။ ဒါဆိုရင် အဲဒီကျေးဇူးရှင်ရဲ့ အရည်မရ အဖတ်မရ ပို့စ်တွေ သင်ရဲ့ News Feed မှာ တွေ့ရတော့မှာ မဟုတ်ဘူး။ အာရုံနောက်ခြင်း ကင်းဝေးကြပါစေ။

မိမိ facebook ရဲ့ wall မှာ တစ်ခြားသူ တင်ခွင့်မရအောင် tag ပေးခွင့်မရအောင် ပိတ်ထားတဲ့နည်းလမ်းလေးပါပဲ.။



အဆင့်1 ။  ပုံ 1 မှာ ပြထားတဲ့အတိုင်း privacy settings ကို သွားပါ
အဆင့်2 ။ပုံ 2 မှာ timeline and tagging ကိုသွားပါ.။

New Zawgyi One Flip Font For Android-V.1.0









ကဲMyanmar Mobile Developer ကိုမျိုးမင်းလတ်ရဲ့ ကြိုးစားမှု့အသစ်ဖြစ်တဲ့ New Zawgyi One Flip Font အသစ်ထပ်မံပြီးထွက်ရှိလာပါပြီခင်ဗျား။Samsung Galaxy Devicesအားလုံးလိုလိုမှာ Root မလိုပါပဲနှင့်Font Style အမျိုးမျိုးကိုပြောင်းလဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ဒီNew Flip Font မှာတော့ အရင်အဟောင်းကလိုမဟုတ်တော့ပဲ မြန်မာစာဖောင်. စတိုင်ကို ပါRootမလိုပါပဲပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ပါတယ်ခင်ဗျ။လောလောဆယ်ဒီဗားရှင်းမှာတော့ Font Style 5 မျိုး (ဇော်ဂျီ Arthouse Style 3 ခုနှင့် ဇော်ဂျီ Pyinoolwin Style and ဇော်ဂျီ Beik Thano Style,ပဲထွက်ရှိလာပါသေးတယ်။နောက်ထွက်လာမယ့်ဗားရှင်းအသစ်မှာတော့ဒီထက်ပိုပြီးများလာ
လိမ့်မယ်ထင်ပါတယ်။

မြန်မာဖောင့် နဲ့ ပတ်သက်လို့ အခက်တွေ့နေသူများအတွက် စုစည်းတင်ပြသည်



ကျနော်ကိုယ်တိုင်ရေးတာတော့မဟုက်ပါဘူးဗျာ ဒါပေမယ့် လိုအပ်နေသူတွေအတွက် လွယ်ကူအောင်
ဇော်ဂျီ မြန်မာဖောင့် ၁၄ မျိုး တစ်ခါတည်း ဒေါင်းလို့ ရအောင် ပေးထားပါတယ်
အဓီကကတော့ ၀င်းဒိုး ဗစ်တာ ၀င်းဒိုး ဆဲဗင်း 64bit အတွက်ပါ နားလည်တတ်ကျွမ်းလို့ မဟုတ်ပါဘူး
သူများရေးထားတာတွေ ကူးလာတာပါဗျာ...ဟဲဟဲ
ကျနော်ကတော့ ဇော်ဂျီ မြန်မာဖောင့် ၁၄ မျိုး တစ်ခါတည်း ဒေါင်းလို့ ရအောင် ပေးလိုက်မှာပါ။

Tuesday, June 24, 2014

Aiseesoft HD Video Converter v6.3.66 With Crack






ဒီ Aiseesoft HD Video Converterကတော့ Converter ထဲ့မှာ 3D converterထက်ကောင်းတယ်ဗျာ။
Video Converterတွေကို HD Video Converterအဖြစ် လျှင်မြန်စွာနှင့်ပျောင်းပေးနိုင်ပါတယ်။ ဒီကောင်း
လေးလုပ်ဆောင်ချက်လေးကတော့ AAC, AC3, AIFF, AMR, AU, FLAC, MP3, M4A, MP2, OGG, WAV, WMA. Besides, Aiseesoft HD Video Converterတို့ကို video effectတွေနဲ့ Editing တစ်ခုလည်းလုပ်နိုင်ပါတယ်။ Full ဖြစ်ရန်အတွက်တော့ Crack လေးကိုထည့်ပေးရမှာဖြစ်ပါတယ်။

မိတ်ဆွေလိုချင်တယ်ဆိုရင်အောက်မှာ ဒေါင်းသွားလိုက်ပါ။



Computer ကို Passawords ပေးထားမယ်




အခုကျနော်ရေးမယ့် ပို့စ်လေးကတော့ ကျနော်တို့သုံးနေတဲ့ကွန်ပျူတာကို တခြားသူကို မကိုင်စေချင် မသုံးစေချင်တဲ့အခါမှာ password လေးနဲ့ပိတ်ထားတဲ့အကြောင်းလေးကို ပြောပြပါမယ်။ ကျနော်တို့ အခုလက်ရှိသိကြတာကတော့ Window Accountတွေကို Password တွေနဲ့ပေးကြတဲ့ဟာပါပဲ။ ဒါပေမယ့် အဲဒီအကောင့်တွေကလဲ နားလည်ရင် ပြန်ပြီး ဖြုတ်လို့ရပါတယ်။ ခုပြောမယ့်အရာလေးကတော့ ကျနော်သိသလောက်တော့ ဒီတိုင်းအလွယ်တကူဖြုတ်လို့မရပါဘူး။
ပညာရှင် အဆင့်ဆိုရင်တော့ ရကောင်းရပါလိမ့်မယ်။ ဒါကလဲ ကိုယ်ကိုယ်တိုင်က ကြည်ဖြူမှ သုံးခွင့်ပေးမှသာရပါလိမ့်မယ်။ အသုံးပြုပုံလေးကတော့ ဒီလိုပါ။
ပထမဆုံး Start•••••® > Run ကိုနှိပ်လိုက်ပါ။ (သို့) Window key+R ကိုတွဲနှိပ်ပါ။ အဲဒီမှာ syskey ဆိုပြီး ရိုက်လိုက်ပါ။ ဘောက်စ်တခုကျလာလို့ရှိရင် Encryption Enabled ဆိုတာလေးကို Check လုပ်ခဲ့ပါ။ ပြီးလို့ရှိရင်

Monday, June 23, 2014

CyberLink PowerDirector Ultra v8.00.1930 (233 MB)










တောင်းဆိုနေသူများ အတွက် တင်ပေးလိုက်ပါတယ်
ဗီဒီယို အက်ဒီဒင်း သမားတွေ အသဲစွဲလေးပေါ့ ဗျာ ညီ ကိုယ်တိုင်လဲသုံးတယ်
အသစ်တော့ မဟုတ်ပါဘူး လိုချင်သူများအတွက် တင်ပေးခြင်းဖြစ်ပါသည်
ဖိုင်ဆိုဒ်ကတော့ ခေါင်းစဉ်ကအတိုင်းပဲ ကြီးတယ်နော် ဖြေး၂ချင်းဆွဲပေါ့ ဗျာ
အဆင်ပြေမယ်လို့ မျှော်လင့် ပါတယ် အသုံးပြုနည်းစာအုပ်တင်ထားပေးဘူးတယ်
ဒေါင်းရန်... ဒီမှာ ဆိုတဲ့ စာသားလေးကို နှိပ်ပြီးဝင်ရောက်ဒေါင်းယူနိုင်ပါတယ်

Gtalk မှ သီချင်းလေးတွေ ဖွင့် ပြကြမယ် For Windows xp

ဝင်းဒိုး ရဲ့ ညာဘက်အောက်နားလေးက စပီကာပုံ လေးကို Right-click နှိပ်လိုက်ပါ

ပေါ်လာတဲ့ အထဲက Open Volume Control ကို နှိပ်ပါ

ဒီလိုလေး ပေါ်လာလိမ့်မယ်


Option ထဲက properties ကို ရွေးပါ။

ဒီလိုလေး ထပ်ပေါ်လာမယ်





Mixer device မှာ  Realtek HD audio input ပြောင်းပေးလိုက်ပါ။

Aidfile Recovery Professional Edition v3.6.4.2













 Data Recoovery Tools ကောင်းကောင်းလေးတစ်ခု အသစ်ထွက်လာလို့တင်ပေးလိုက်ပါတယ်ဗျာ။ Data Recovery Tool ဆိုတာမျိုးက ဖိုင်ဆိုဒ်သေးသေးနဲ့ကွန်ပြူတာမှာနေရာသိပ်မယူတဲ့အပြင် အသုံးတည့်တဲ့ အတွက် Install လုပ်ထားသင့်ပါတယ်ဗျာ။ Shit+Del နဲ့မှားဖျက်မိသူတွေ အကြောင်းအမျိုးမျိုးကြောင့် Data တွေပျောက်ဆုံးသွားသူတွေ ၊ Format များချမိတဲ့သူများ အတွက် Recovery ပြန်လုပ်ပေးနိုင်ပါတယ်။ ကျွန်တော်ဆိုလိုတာက

Internet Download Manager Full Version













ဒါလေးကတော့ Internet Download Manager Full Version လေးပါ။Path ,keygen ,Serail,Crack,တို့ လုပ်ရတာ ခက်ခဲတယ်ဆိုတဲ့ ဘော်ဒါတွေအတွက် အလွယ်တကူ Run ပြီးသုံးရုံပါပဲ။လိုအပ်ရင် မိတ်ဆွေစက်ကို Restart ချပေးလိုက်ပါ။အဆင်ပြေပါစေ…
ဒေါင်းယူရန်……download here

Androids phone အတုနဲ့ အစစ် ဘယ်လိုခွဲမလဲ …?


တချို့ဖုန်းတွေဟာ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင် ပါတယ်။ Touch Screenကို စမ်းကြည့်မယ် ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ် ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Feature တွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ ဖုန်းတွေက ဘာတွေ ကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

Computer ဆိုသည်မှာ



   






  ••••  ® ကွန်ပျူတာဆာဗာဆိုပြီး ပြောနေကြတယ် ဘာရယ်လို့ တိတိကျကျ သိလှတဲ့သူနည်းမယ်ထင်ပါတယ်။ ကွန်ပျူတာကတော့ ပြောစရာ သိပ်လိုမယ် မထင်ပါဘူး အားလုံးသိကြတယ်။ ဆာဗာ (Server) ဆိုတာက ခုခေတ်မှာ ကျောင်း၊ ရုံး၊ တက္ကသိုလ်၊ ဆေးရုံကအစ အားလုံးသုံးလာကြပါပြီ။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာသုံးတယ်ဆိုတာ တစ်လုံးတည်း မဟုတ်တော့ဘူး။ နေရာတိုင်းမှာ ကွန်ပျူတာတွေ အများကြီး သုံးလာကြတာဆိုတော့ အဲဒီကွန်ပျူတာ အချင်းချင်း ချိတ်ဆက်နိုင်ဖို့ လိုလာတယ်။ ဒါကြောင့် ဆာဗာဆိုတာလည်း ပေါ်ပေါက်လာရတယ်။ ဆာဗာကို ဘယ်လို ရည်ရွယ်ချက်နဲ့ သုံးရတယ်ဆိုတာ သိဖို့လိုတယ်။

လူတွေက “ဆာဗာကတော့ ကျနေပြီ” “ဆာဗာကို ချိတ်လို့မရဘူး” စသဖြင့် ပြောဆိုသံတွေ ဌာနဆိုင်ရာတွေနဲ့ လုပ်ငန်းတွေမှာ ကြားလာရတယ်။ အလားတူပဲ ကွန်ပျူတာ အင်တာနက်ဆိုင်ရာ ပစ္စည်းတွေကို သုံးနေရင်လည်း The server is down ဆိုတာနဲ့ Cannot establish connection to server ဆိုတဲ့ စာတန်းတွေနဲ့လည်း မကြာကြာ ရင်ဆိုင်ဖူးကြမယ် ထင်ပါတယ်။ ဒီလိုဖြစ်ရတာ အကြောင်းနှစ်ချက်ရှိပါတယ်။

Sunday, June 22, 2014

သင့်စက်မှာ RUN BOX ပျောက်နေရင်

 








(1). My Computer >> Drive (C) >> WINDOWS >> System.32 >> gpedit.msc ဆိုတာကို တွေ့အောင်ရှာပြီး ဖွင့်ပါ။ (2). Administration Templates >> Start Menu and Taskbar ကိုနှိပ်ပါ။
(3). ညာဘက်ခြမ်းမှာ Remove Run Menu and Start Menu ကိုနှိပ်ပြီး Disabled ကိုရွေးလိုက်ပါ။
(4). Apply >> OK နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် Run Box လေး ပြန်ပေါ်လာပါလိမ့်မယ်။
ပြန်ဖျောက်ထားချင်တယ်ဆိုရင်တော့ အပေါ်က အဆင့်တွေအတိုင်းလုပ်ပြီး Disabled နေရာမှာ Enabled ကိုရွေးပေးလိုက်ရုံပါပဲ….
အဆင်ပြေပါစေနော်…..

COMPUTER ရဲ့ ကိုယ်ကျင့်တရား ဆယ်ပါး





၁။ ကွန်ပျူတာအား အခြားသူများကို ထိခိုက်နစ်နာစေရန်အတွက် အသုံးမပြုရ။
(ကွန်ပျူတာကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူဖြစ်သည်)
၂။ အခြားသူများ၏ ကွန်ပျူတာလုပ်ငန်းများကို အနှောင့်အယှက်မပေးရ။
(ဥပမာ- အဓိပ္ပာယ်မဲ့ အီးမေးလ်များကို မတန်တဆပေးပို့ခြင်း၊ ကွန်ပျူတာဗိုင်းရပ်စ်များပေးပို့ခြင်း)
၃။ အခြားသူများ၏ ကွန်ပျူတာဖိုင်များကို ခိုးမကြည့်ရ။
(တစုံတယောက်က ခွင့်ပြုချက်မပေးဘဲ ထိုသူ၏ကွန်ပျူတာဖိုင်များကို ဖွင့်မကြည့်ရ)
၎။ ကွန်ပျူတာကို ခိုးမှုကျူးလွန်ရန်အတွက် အသုံးမပြုရ။
၅။ ကွန်ပျူတာကို လွဲမှားသောသက်သေခံရန်အတွက် အသုံးမပြုရ။
(ဥပမာ- ကောလာဟလများပေးပို့ခြင်း၊ မိမိအီးမေးလ်လိပ်စာများကို လွဲမှားစွာပေးပို့ခြင်း)
၆။ ကုမ္ပဏီတစ်ခုခုမှ ထုတ်လုပ်သည့်ဆော့ဖ်ဝဲများကို သတ်မှတ်ထားသည့် အခကြေးငွေများပေးဆောင်ခြင်းမပြုဘဲ
ကူးယူသုံးစွဲခြင်းမပြုရ။

SMADAV 2014'PRO…Antivirus

                                         















မင်္ဂလာပါ ဒါလေးကတော့ အင်ဒိုနီးရှားနိုင်ငံက ထုတ်လုပ်ထားတဲ့ Smadav Antivirus ဆော့ဝဲလ် လေးပဲဖြစ်ပါတယ်. ဖိုင်ဆိုဒ်သေးသေးလေးနဲ့ တော်တော် အလုပ်ဖြစ်တဲ့ဆော့ဝဲလ်လေးမို့ ဆောင်ထားသင့်ပါတယ် ကွန်ပျူတာမှာ တပ်သမျှ USB, Flash Drive, Hard Disk တွေကို Scan ဖတ်ပေးပြီးတော့ အမည်မသိတဲ့ Virus တွေကိုလည်း သတ်ပေးနိုင်ပါတယ်.. အစွမ်းထက်တဲ့ ဒီဆော့ဝဲလ်လေးကို လိုချင်ရင်တော့ အောက်ကလင့်တွေမှာဒေါင်းယူလိုက်ပါဗျာ.

                                              ဒေါင်းယူရန်…download here link




Saturday, June 21, 2014

Task Manager ပျောက်နေရင်

ဒီ post ကတော့ ခုအချိန်မှာ လူအတော်များများသိနေလောက်ပါပြီ။ ဒါပေမယ့် အချို့
ကွန်ပျူတာကို use to ဖြစ်နေပေမယ့် မကြုံဖူးသေးလို့
မလုပ်တတ်ကြတာတွေရှိပါတယ်။ ပြီးတော့ registry ကိုတော်ရုံမကိုင်တတ်ကြပါဘူး။
ဒါကြောင့်ဒီ post လေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
Task Manger ကို virus တွေကသာ disable ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ virus
မရှိတော့ ဘူးဆိုရင်တောင်မှ Tesk Manager က ပြန်မပေါ်တာရှိတတ်ပါတယ်။
အဓိကပြောချင်တာကတော့ Text Manager ပျောက်နေရင်
ပြန်ဖွင့်လို့ရအောင်လုပ်ဖို့ပါ။
လုပ်နည်းကတော့

Friday, June 20, 2014

PC Cleaner Pro 11.13.3.17 2013 Portable ( 14 MB )

 

2013 အတွက် အကောင်းဆုံး နံပတ်တစ် ဆုကိုရခဲ့တဲ့ SystemCleanerဖြစ်ပါတယ်..မြင့်မားတဲ့ စွမ်းဆောင်ရည်တွေနဲ့ကွန်ပျူအတွင်းမလိုအပ်တဲ့ဖိုင်များကို စနစ်တကျရှင်းလင်းဖယ်ရှားပေးနိုင်ပြီးCOMPUTERကိုဒုက္ခပေးမယ့်Malwareများကိုလည်း ဖယ်ရှားရှင်းလင်းနိုင်ပါတယ်..ဒါ့အပြင် အခြားအသုံးဝင်
System Cleaner Tools များစွာလည်းပါဝင်တဲ့အတွက် 
  အသုံးပြုသူတိုင်းအကြိုက်တွေ့ကြမှာပါ..Portable ဖြစ်
ပြီး License Key ထည့်ခါ အသုံးပြုမယ်ဆိုရင်တော့ Internet ပိတ်ပြီးမှ ထည့်ပါ။
အဆင်ပြေပါစေ...

                                    

                              ဒေါင်းယူရန်...download here link

facebook အကောင့်ဖျက်နည်း



Facebook အကောင့်ကို ဖျက်ချင်သူများအတွက် ကျွန်တော် သိတာလေး
ပြောပြလိုက်ပါသည် အရင်ဆုံး မိမိ ဖျက်မယ့် အကောင့်ကို Log in လုပ်ပါ
ပြီးရင် အောက်က ပေးထားတဲ့လင့်ကိုနှိပ်လိုက်ပါ
https://www.facebook.com/help/contact.php?show_form=delete_account
အဲလင့်ခ်ရောက်ရင် Delete ဆိုတာကိုလုပ်ပြီးတော့ Password တောင်းရင်
password ထည့်ပေးလိုက်ပါ ။
အဆင်ပြေပါစေ

Driver Pack Solution လာပြီ


Photo: Driverpack Solution v13.0.320 With Driver Packs v13.04.3 (x86/x64/DVD/Iso] | ( 4 GB ) 
===========================================

ကဲ.. မိမိရဲ့ကွန်ပျူတာမှာ Driver တွေပျောက်နေရင် အခု Driver Software အခွေကြီးနဲ့သာ ထည့်ပြီးမောင်း
ပေးလိုက်...Driver တွေအကုန်လုံး ပြန်ရလိမ့်မယ်...ကွန်ပျူတာ Services ဆိုင်များရဲ့ မရှိမဖြစ်အားအထားရ
ဆုံး Driver Software ခွေကြီးဖြစ်ပါတယ်ခင်မျ... ကဲ ဆိုဒ်ကတော့ 4 GB ရှိတယ်..ကွန်ပျူတာဆိုင်တွေမှာ ၀ယ်ရင် 1500  , 2000 ကျပ်လောက်ရှိပါတယ်..ပြည်ပက လူတွေအတွက်ကတော့ ဆောင်ကိုဆောင်ထားကြ
ပါဗျာ.၀ယ်ရလဲခက်ပါတယ်..မိမိကွန်ပျူတာက အကြောင်းအမျိုးမျိုးကြောင့် Driver ပျောက်သွားရင် အလွယ်
တကူ ဒီအခွေနဲ့ Driver တွေပြန်ထည့်နိုင်တာပေါ့ Printer , Camera , Scanner အချို့အတွက်လည်း Driver
ထောက်ပံ့ပေးထားပါတယ်.. ကဲ..Myanmar IT Helper ပရိသတ်ကြီးရေ...ဒေါင်းမယ်ဗျို့~~

Download==> http://www.aungkyaw.com/2013/06/driverpack-solution-v130320-with-driver.html 





ကဲ.. မိမိရဲ့ကွန်ပျူတာမှာ Driver တွေပျောက်နေရင် အခု Driver Software အခွေကြီးနဲ့သာ ထည့်ပြီးမောင်း
ပေးလိုက်...Driver တွေအကုန်လုံး ပြန်ရလိမ့်မယ်...ကွန်ပျူတာ Services ဆိုင်များရဲ့ မရှိမဖြစ်အားအထားရ
ဆုံး Driver Software ခွေကြီးဖြစ်ပါတယ်ခင်မျ... ကဲ ဆိုဒ်ကတော့ 4 GB ရှိတယ်..ကွန်ပျူတာဆိုင်တွေမှာ ၀ယ်ရင် 1500 , 2000 ကျပ်လောက်ရှိပါတယ်..ပြည်ပက လူတွေအတွက်ကတော့ ဆောင်ကိုဆောင်ထားကြ
ပါဗျာ.၀ယ်ရလဲခက်ပါတယ်..မိမိကွန်ပျူတာက အကြောင်းအမျိုးမျိုးကြောင့် Driver ပျောက်သွားရင်

Android မှာ Flash Player မရှိသူများအတွက်







ဒါလေးကတော့ Android အတွက် Flash Player နောက်ဆုံးထွက်လေးပါ။
Flash Player သွင်းထားခြင်းအားဖြင့် Animation ဖိုင်တွေ ၊ Online ပေါ်မှာ တိုက်ရိုက်ကြည့်ရှုရမယ့် Video file တွေ ၊ flash နဲ့ရေးထားတဲ့ ဂိမ်းဖိုင်တွေနဲ့ အခြား flash ဖိုင်တွေကို ကြည့်ရှု အသုံးပြုနိုင်မှာပါ။ အောက်မှာရ ယူနိုင်ပါတယ်။
အဆင်ပြေပါစေ.
       
       ဒေါင်းယူရန်.....download here link

Viber မှာ မလိုချင်တဲ့ ဖုန်းအဝင် Call And Massages တွေကို ပိတ်ထားမယ်






Viberကနေ မိမိမသိ့တဲ့ သူတွေရဲ့ ဖုန်းအဝင်Callတွေ Massages တွေ ခဏခဏဝင်လာလို့ မိတ်ဆွေ စိတ်ညစ်နေသလား  …?
လွယ်လွယ်လေး ပိတ်ထားလို့ရပါတယ်။
ပထမဦးဆုံး ရှိပြီးသား Viber ထဲကနေ Exit {from more option }နဲ့ထွက်လိုက်ပါ။
နောက်ပြီး တော့ Actave လုပ်ဖို့အတွက် ဖုန်းနံပါတ် ပြန်ရိုက်ထည့်တဲ့အခါ ဖုန်းနံပါတ်ရဲ့ နောက်ဆုံးမှာ ဂဏန်းတလုံး ပိုထည့်ပေးလိုက်ပါ။
ဥပမာ    0850511571-1
နောက်တစ်က အပိုထည့်ထားတဲ့ ဂဏန်းပါ။
Viber ကနေ Code အတွက် ဖုန်းပြန်ခေါ်တဲ့အခါ မိမိ ဖုန်းထဲပဲဝင်ပါတယ်။
နောက်ကဂဏန်းက အကျုံးမဝင်ပါဘူး။
Viber အချင်းချင်းကျတော့ အဲဒီ ဂဏန်းဟာ အကျုံးဝင်ပါတယ်။
Viber Code ရပြီဆိုရင်တော့ မိမိကို ပို့စေချင်တဲ့ Massages သူဆီဒါမှမဟုတ် ခေါ်စေချင်တဲ့ Phone ပိုင်ရှင်ဆီ ကိုယ့်ဘက်အရင်Massages ပို့လိုက်ပါ။
ဒါမှ သူတို့ဘက်က ကိုယ့်ရဲ့ Viber code ကိုသိမှာပါ။
ဒါဆိုရင်တော့ ကိုယ့်ဆီကို မလာစေချင်တဲ့ Massages တွေ မခေါ်စေချင်တဲ့ Phone တွေကို ကာကွယ်ပြီးသားဖြစ်သွားပါပြီ။
မိတ်ဆွေ စိတ်မညစ်ရတော့ပါဘူး
သင်နှင့် သင့်ပညာကို လေးစားလျှက်...


MMUG.WORLD CUP 2014-BRAZIL ဘောလုံးဝါသနာရှင်များအတွက်

ဒီဆော့လ်ဝဲလေးကတော့ ဘောလုံးပွဲဝါသနာရှင်တွေအတွက် ကောင်းကောင်းအသုံးဝင်ပါတယ်။Android ဖုန်းနဲ့ ဘောလုံးပွဲ ကောင်းကောင်းကြည့်မယ်ဆိုရင် ဒီကောင်လေးကို သုံးပါ။ဒီ Application လေးကို ဖုန်းထဲမှာ Install…လုပ်ထားခြင်းဖြင့် မိမိ သိချင်တဲ့ အသင်းတွေရဲ့ ကြောင်း  ပွဲစဉ်တွေရဲ့ ဇယား ဒါတွေအားလုံးကိုNotie Alert လုပ်ထားလို့ရပါတယ်။သတင်းများအပြင် ဗီဒီယို အနေဖြစ်လည်း ကြည့်လို့ရပါတယ်။နေက်ပြီး ကမ္ဘာဖလားမှာ ဘယ်အသင်းက ဖလားရတယ်ဆိုပါ ကြည့်လို့ရပါတယ်။
မိတ်ဆွေ လိုချင်တယ်ဆိုရင် အောက်မှာ ဒေါင်းသွားလိုက်ပါ။
ဒေါင်းယူရန်…
 mmug.world cup.2014 Brazil download here

Portable VZO Chat free download နဲ့ Account vzo ပါတခါတည်းလက်ဆောင်ပေးထားတယ်




ဒါလေးကတော့ လူကြိုက်များတဲ့ ဆော့ဝဲလ်တွေထဲက တခုပါပဲ.. VZO Portable လေးပါ..။ Portable လေးတွေတင်ရင်းနဲ့ တခါတည်းတင်ပေးလိုက်ပါတယ်..။ USB လေးနဲ့ဘယ်သွားသွား ယူသွားလို့ ရပါတယ်..။ အင်တာနက်ဆိုင်မှာ သုံးတဲ့ လူတွေအတွက် ပိုပြီး အသုံးတည့်ပါတယ်..။ ဒါလေးကဆာင်ထားသင့်ပါတယ်..။ လိုအပ်ရင်တော့ အောက်ကလင့် တွေကနေသာ ဒေါင်းယူသွားလိုက်ပါဗျာ.. ဖိုင်ဆိုဒ်ကတော့ 3.36 MB ပဲရှိပါတယ်..
ဒေါင်းယူရန်.....
VZO အကောင့်
5Starone
Passaword 
phyoewaioo
 


Thursday, June 19, 2014

ကိုနားဆင်တဲ့သီချင်းတွေ gtalk သူငယ်ချင်းကို လည်းနားဆင် ရအောင် လုပ်သောနည်းလေး..။



ကိုယ်နားဆင်နေတဲ့ သီချင်းကို ကိုယ်သူငယ်ချင်းတွေကိုလည်း နားဆင်စေချင်တဲ့ သူငယ်ချင်းအတွက်
မသိသေးတဲ့သူတွေ အတွက် မျှဝေပေးလိုက်ပါတယ် 
အဆင်ပြေပါစေ..။
အဲဒီအတွက် သီချင်းဖွင့်မယ်ဆို  windows Media Play နဲ့ဖွင့်ရပါမယ် ပြီးတော့
Windows Media Play>>>>>Tool>>>Options>>>Plug-ins>>>Backgroung
အထိဝင်ပြီးတော့  ပုံမှာပြထားတဲ့အတိုင်း အမှတ်ပေးပြီးတော့ Ok လုပ်လိုက်ပါ 
အဲဒါဆိုရပါပြီ တစ်ဖက်နားထောင်မယ်ဆို Gtalk call လုပ်လိုက်ပါ ကိုယ်က လက်ခံလိုက်ရင်

Vault-Hide SMS, Pics & Videos full premium



Vault ဆိုတော့ အားလုံးသိပြီးသားလို့ထင်ပါတယ်။ မိမိဖုန်းထဲမှာ သူများမတွေ့စေချင်တဲ့ SMS တွေ ဓာတ်ပုံတွေ Viedeo တွေကို သူများမတွေ့အောင် ဖွက်ထားတဲ့ Application လေးပဲဖြစ်ပါတယ်။ Vault-Hide SMS, Pics & Videos full premium တင်ပေးလိုက်ပါတယ်။
Counting contacts, photographs, movie, and SMS, can now stow away free of charge even Facebook message. The concealed securely quick message private, photographs, film, wouldn't it be great if we could secure from prying eyes.

Gtalk And Gmail မှာ User Name ပြောင်းနည်း






ယခုကျနော်တင်ပေးမယ့်နည်းပညာလေးကတော့ မိတ်ဆွေတို့သုံးနေတဲ့ Gtalk account မှာရှိတဲ့ First name Last name တွေကိုမကြိုက်ရင်ပြောင်းလို့ရတဲ့ ရိုးရှင်းတဲ့ နည်းလေးပါပဲ။ ပြောင်းချင်တယ်ဆိုတဲ့သူများအတွက်
ပထမဦးဆုံး  Gmail  အကောင့်ကိုဖွင့်လိုက်ပါ။ပြီးရင် Gmail settings ကိုသွားလိုက်ပါ..... Mail settings ကိုသွားပြီးရင်တော့ Accounts and Import ကိုသွားပြီးရင်တော့ ညာဘက်ဘေးနားမှာ edit info ဆိုတာလေးကိုနှိပ်လိုက်ပါ နှိပ်လိုက်ပြီဆိုရင်တော့နောက်ထပ် Mozilla Firefox အသစ်ပွင့်သွားလိမ်မယ်နော်... သွားမပိတ်လိုက်နဲ့တော် တန်းလန်းဖြစ်နေမယ်... ပြီးရင်အဲမှာကိုယ်အသစ်ပြောင်းချင်တဲ့ နာမည်ရိုက်ပြီး save change လုပ်လုပ်ရင်ရပါပြီ...... Gtalk ဖွင့်ထားရင်တော့ ပြန်ပိတ်ပြီးတော့ ပြန်ဖွင့်လိုက်ပေါ့နော်......... ။ ။ ဒါတွေလုပ်ပြီးသွားရင်တော့ Gtalk မှာပြောင်းချင်တဲ့နာမည်ပြောင်းလိုပြီးသွားပါပြီ





Facebook Account Hack နည်း


အရင် ဆုံး   Facebook – Browser ကို သွားပါ
ဘာမှ မရေးနဲ. sing in ၀င် တဲ.အောက်က  Forget Password ကိုနှိပ်လိုက်ပါ အဲမှာ  Email ဖြည့်မလား၊ User name နဲ့ Friend name ဖြည့်မလားဆိုတာ ပေါ်လာပါတယ်။ ဒါကိုတော့ ကိုယ် ဟက်ချင်တဲ့ အကောင့်ရဲ့  ဂျီတော့ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ပြီးတော့ Search လုပ်လိုက်တာနဲ့ အဲဒီအကောင့်ပေါ်လာပါပြီ။ဒါသင့်အကောင့်လားလို့ မေးပါတယ်။ ဒီတော့ လဲ ဗျာ Yes , This is my account ဆိုတာလေးကို ရွေးချယ်ပေးလိုက်ပေါ. လေ  ပြီးရင်တော. Pasword ပြန် rest လုပ်မလားလို့ မေးပါတယ်။ အဲမှာတော. ကျန်တော် က  I have on longer use this account ဆိုတာကို ရွေးလိုက်တယ်  ပြီးရင်တော.email address ကို  ဖြည့်လိုက်ပေါ  Facebook အကောင့် လုံးဝမဖွင့်ရသေးတဲ့ အီးမေး မှ ဖြစ်မှာပါ နော်ကျွန်တော်က ဂျီတော့ အကောင့် အီးမေးလ်နဲ့ ဝင်လိုက်ပါတယ်။ကိုယ်က အီးမေးလ်ထည့်ပေမယ့် အီးမေးလ်ဆီကို Facebook ကစာပို. မှာ မဟုတ်ဘူးဆိုတာတော. သိထားပါ ။ နောက်တဆင်.ကတော. ကျလာတဲ့ Page ကတော့  Google အကောင့်ပြီး အကောင့်ပြန်ယူမလား၊ ထည့်ထားရင်းဆွဲ အီးမေးလ်ဆီကိုပဲ Code ပို့မလားလို့ မေးပါတယ်။ အဲမှာတော.ထုံးစံအတိုင်းပေါ. ရွေးချယ်ရမှာက google အကောင့်သုံးမယ်ဆိုတဲ့ User google account ဆိုတာကိုရွေးလိုက်ပါ နောက်ထပ်ကျလာတဲ့ Box က New email ဖြည်.ဖို.ပေးလာပါလိမ်.မယ်
 နောက်တစ်ဆင့်က

မွန်{mon} တိုင်းရင်းသားများအတွက် Mon fonts and mon keyboard


ဒီနေ့ကျနော့်ဆီကို မွန်အကိုတယောက်ရောက်လာတယ်။သူ မွန်Fonts နဲ့ Mon keyboardလိုချင်လို့တဲ့။ဒီတော့မှသတိထားမိတယ်။ဟုတ်သားဘဲ ငါ့Blog မှာ Mon fonts နဲ့ Mon Keyboard မတင်ရသေးဘူး။ဒါကြောင့် ကျနော်အခုတင်ပေးလိုက်ပါတယ်။လိုအပ်တဲ့ မိတ်ဆွေများလည်း အောက်မှာဒေါင်းယူသွားလိုက်ပါ။
အသုံးပြု့ပုံကတော့ သုံးခုစလုံးကို ဒေါင်းပြီး Installလုပ်လိုက်ယုံပါပဲ။
အဆင်ပြေပါစေ။
ဒေါင်းယူရန်…
download here mon fonts
download here HI MON 1
download Hi Mon Keybroad
Related Posts Plugin for WordPress, Blogger...