ဒီ post ကတော့ ခုအချိန်မှာ လူအတော်များများသိနေလောက်ပါပြီ။ ဒါပေမယ့် အချို့
ကွန်ပျူတာကို use to ဖြစ်နေပေမယ့် မကြုံဖူးသေးလို့
မလုပ်တတ်ကြတာတွေရှိပါတယ်။ ပြီးတော့ registry ကိုတော်ရုံမကိုင်တတ်ကြပါဘူး။
ဒါကြောင့်ဒီ post လေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။
Task Manger ကို virus တွေကသာ disable ဖြစ်အောင်လုပ်လေ့ရှိပါတယ်။ virus
မရှိတော့ ဘူးဆိုရင်တောင်မှ Tesk Manager က ပြန်မပေါ်တာရှိတတ်ပါတယ်။
အဓိကပြောချင်တာကတော့ Text Manager ပျောက်နေရင်
ပြန်ဖွင့်လို့ရအောင်လုပ်ဖို့ပါ။
လုပ်နည်းကတော့
-Start >> Run ကိုဖွင့်ပါ။ (win+R)
-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။ Registry Editor ပေါ်လာပါလိမ့်မယ်။
-ပေါ်လာတဲ့ Registry Editor မှာ အောက်ပါ tree တိုင်းသွားပါ။
HKEY_LOCAL_MACHINE\Software\ Microsoft\ Windows\ Current Version\
Policies\ System ထိ ရောက်အောင်အဆင့်ဆင့် ဖွင့်သွားပါ။
နောက်ဆုံးရောက်နေတယ့် System ကို select လုပ်လိုက်ပြီး ညာဘက်ခြမ်း က window
ထဲမှာ disable TaskMgr (key) ကိုရှာပါ။ တွေ့ရင် right click လုပပြီး
delete လုပ်လိုက်ပါ။
ဒုတိယလုပ်ရမှာက
HKEY_CURRENT_USER\ Software\ Microsoft\ Windiws\ Current Version\
Policies\ System ကိုသွားပါ။ အထက်ကအတိုင်း disable TaskMgr (key)
ကိုရှာပြီး delete လုပ်လိုက်ပါ။ ပြီးရင် ကွန်ပျူတာကို restart လုပ်လိုက်ပါ။
Task Manager ကိုဖွင့်ကြည့်ပါ။ ကောင်းသွားပါလိမ့်မယ်။
No comments:
Post a Comment