နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Sunday, June 8, 2014

RAM များကိုလေ့လာခြင်း










RAMဟူသည် COMPUTER တလုံးအတွက် Data သယ်ပို့မှု့များကိုလုပ်ဆောင်ပေးသော စနစ်ဖြစ်ပါသည်။ Computer ကိုစတင်မောင်းနှင်လိုက်သည်နှင့် Windows OS မှမဖြစ်မနေလိုအပ်သော Files များကို ၄င်းမှခေါ်ယူထားလိုက်ပါသည်။
ဒါ့အပြင်အခြားသောApplication Softwares များကိုသုံးရန်ဖွင့်လိုက်သည့်နှင့် ၄င်းနှင့်သက်ဆိုင်သော System files များကို Memory ပေါ်သို့ခေါ်ယူထားလိုက်ပါတယ်။
ဒါသာမက စာရိုက်ခြင်း ပုံဆွဲခြင်း နှင့် တွက်ချက်မှု့အမျိုးမျိုးကို လုပ်ဆောင်နေစဉ် Save မသိမ်းခင်အချိန်ထိ Memory ပေါ်မှာ မှတ်သားထားပါတယ်။ဒါကြောင့် Save မသိမ်းမှီ မတော်တဆ မီးပျက်ပြီး စက်ပိတ်သွားပါက လုပ်လက်စ Data များ ဆုံးရှုံးသွားရခြင်းဖြစ်ပါသည်။
Memory စနစ်နှစ်မျိုးရှိပါတယ်။Volatine နှင့် Non Volatine တို့ဖြစ်ပါတယ်။
Volatine ဟာ လျှပ်စစ် စီးဆင်းနေသ၍Data များကို ထိန်းသိမ်းထားနိုင်ပြီး
လျှပ်စစ်ပြတ်တောက်သွားသည့်နှင့်အသစ်ပြန်လည် ဖြစ်သွားပါတယ်။RAMတွေဟာ VOLATINE စနစ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါသည်။
NON VOLATINE ကတော့ လျှပ်စစ်မရှိသော်လည်း မှတ်ထားမှု့ စွမ်းရည်ရှိနေဆဲပါဘဲ။
၎င်းကို ROM {Read Only Memory } အဖြစ်စတင်တီထွင်ခဲ့သော်လည်း  ယနေ့အချိန်မှာတော့ EEPROM {Electrically Erasable Grammable ROM } ဟုခေါ်ဆိုသော Flash Memory လို့လူသိများသော စနစ်ကိုသာ သုံးနေကြပါတယ်။
RAM ဟာ စက်တလုံးရဲ့ အဓိက အစိတ်ပိုင်းတခုဖြစ်ပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...