နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Sunday, August 3, 2014

အချစ် နဲ့ ယုံကြည်မှု့ သဘောတရား


တကယ်တော့ လောကမှာ အချစ်ရှိရုံ ချစ်နေရုံနဲ့ မပြီးသေးဘဲ တစ်ဦးနှင့်တစ်ဦး အချင်းချင်း
ယုံကြည်မှုရှိဖို့ကလည်း လိုအပ်ပါတယ် ။အပြန်အလှန်ယုံကြည်မူ့ မရှိဘူးဆိုရင် ဘာမှ လုပ်လို့
အဆင်မပြေနိုင်ပါဘူး။ဒီလိုယုံကြည်မူ့ရှိဖို့ ဆိုတာ ကလည်း မိမိကိုယ်တိုင် တည်ဆောက်ယူမှသာ
ရနို်င်ပေမည် ။တစ်စုံတစ်ယောက်ကနေ “ ငွေကြေး“နဲ့ဖြစ်စေ “အခွင့်အရေး”နဲ့ဖြစ်စေ“အာဏာ“နဲ့
ဖြစ်စေ ယုံကြည်ခိုင်းလို့ မရနိုင်ပြန်ပါဘူး။ရတယ်ဆိုရင်လဲ “ အတု“ဘဲဖြစ်မှာ သေချာပါတယ်။
ယုံကြည်မှုရှိဖို့  ဘာတွေ လိုအပ်သလဲ ဆွေးနွေးကြည့်ရအောင်လားဗျာ ။

( ၁ ) ရိုးသားပါ ။
( ၂ ) စကားမပြောခင် အရင်နားထောင်ပါ ။နားလည်ပါ
။နားလည်နိုင်အောင်ကြိုးစားပါ ။
( ၃ ) ပွင့်ပွင့်လင်းလင်းရှိပါ ။အစစ်အမှန်ဖြစ်ပါစေ ။
( ၄ ) ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေကို အားပေးပါ ။
( ၅ ) သစ္စာရှိပါ ။


( ၁ ) ရိုးသားပါ ။
ချစ်သူတို့ ကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့  အဓိက လိုအပ်တာက အချင်းချင်း ရိုးသားစွာ
ဆက်ဆံတက်ဖို့ ပါ ။တကယ်တော့ရိုးသားဖို့ ဆိုတာ မလွယ်ပါဘူး ။မလွယ်ပေမဲ့ ကိုယ်ဘက်
ကသာ ရိုးရိုးသားသားအရင်ဆက်ဆံနိုင်ခဲ့မယ်ဆိုရင် အပြန်အလှန်သိနားလည်တဲ့ ရိုးသားမှုမျိုး
ကို ပြန်လည် ရနိုင်ပေမည် ။ထိုကြောင့် ယုံကြည်မှုရှိဖို့  ပထမဆုံး အကြံပေးချင်တာက ကိုယ်ဘက်
ကသာ အရင် ရိုးသားစွာ ဆက်ဆံတက်ပါစေ ။
( ၂ ) စကားမပြောခင် အရင်နားထောင်ပါ ။နားလည်ပါ ။နားလည်နိုင်အောင်ကြိုးစားပါ ။
သူက စကားပြောလာပါက သူပြောချင်တာကို အရင်နားထောင်လိုက်ပါ ။ပြီးမှ အပြန်အလှန်ပြန်လည်
ဆွေးနွေးမယ်ဆိုရင် ပိုပြီးထိရောက်နိုင်ပြီး အချင်းချင်းနားလည်မှုလည်းရရှိနိုင်ပေသည်။သူပြောတာ
အရင်နားထောင်လိုက်လို့  ကိုယ်ဘာမှမဖြစ်သွားပါဘူး ။သူပြောချင်တာဖြစ်စေချင်တာကိုအရင်
နားထောင်ပြီး သူပြောချင်တာ ဖြစ်စေချင်တာကို နားလည်ပါမှ ကိုယ်ဖြစ်စေချင်တဲ့ပုံစံ ၀င်အောင်
ပြန်လည်ဆွေးနွေးသင့်ပါတယ် ။အရင်နားလည်နိုင်အောင် ကြိုးစားလိုက်တာက ပိုကောင်းပါတယ် ။
ဒါမှလည်း ယုံကြည်မှုကို တဆင့်မြှင့်တင်နိုင်မယ် ထင်ပါတယ် ။

( ၃ ) ပွင့်ပွင့်လင်းလင်းရှိပါ ။အစစ်အမှန်ဖြစ်ပါစေ ။

သူနှင့် ကိုယ့်ကြားမှာ ပွင့်လင်းမြင်သာမှုရှိဖို့ ကလည်း အရေးကြီးပါသေးတယ် ။ကိုယ်ဘက်ကသာ
ပွင့်ပွင့်လင်းလင်းနဲ့ အစစ်အမှန်ဖြစ် ကြောင်း သက်သေပြနိုင်ပါက ယုံကြည်မှုတွေ တိုးလာကာ
ခိုင်မြဲတဲ့ အချစ်ခရီးလမ်းကို လျှောက်လှမ်းနိုင်မှာပါ ။

( ၄ ) ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေကို အားပေးပါ ။

ကိုယ်လုပ်ထားတဲ့ကိစ္စတွေမှာ မှားမှားမှန်မှန် လုပ်ပြီးပါက သူနှင့် တိုင်ပင်ဆွေးနွေးကာ သူ၏ ဝေဖန်အကြံပေးမှု
များကိုလည်း အလေးထားသင့်သလို ပွင့်လင်းတဲ့ ပြန်လည်ဆွေးနွေးမှုတွေကိုလည်း အားပေးကြောင်း ပြသသင့်
ပေသည်။

( ၅ ) သစ္စာရှိပါ ။
ချစ်သူအပေါ်မှာ သစ္စာရှိပါ ။လူတစ်ယောက်ယောက်ကို ချစ်လျှင်၊ သူ့အပေါ်မှာ သစ္စာရှိပါ။ကိုယ့်ကြောင့်
သူ့စိတ်ဓာတ်တွေ ပျက်စီးသွားမယ့်အရာတွေကို မလုပ်ပါနဲ့၊ မပြောပါနဲ့၊ မကြံပါနဲ့။သူအပေါ်မှာကိုယ့်
သစ္စာတရားကသာ အစစ်အမှန်ဖြစ်ကြောင်း သက်သေပြလိုက်ပါ ။
ကဲ ကျွန်တော်သူငယ်ချင်းတွေလည်း ခိုင်မြဲတဲ့ အချစ်အိမ်ကလေးတည်ဆောက်နိုင်ဖို့  မရှိမဖြစ် လိုအပ်တဲ့
ယုံကြည်မှုတံတားလေးကို တည်ဆောက်နိုင်ကြပါစေဗျာ ။

                   ချစ်သူရယ် ကိုယ့်ရဲ့ 
                   ရိုးသားတဲ့ မြတ်နိုးခြင်းတွေရယ်
                    ခိုင်မြဲတဲ့ သစ္စာတရားတွေရယ်
                    ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေရယ်
                    စစ်မှန်တဲ့ မေတ္တာတရားတွေရယ်
                    ပေါင်းစပ် ဖွဲ့ စည်းထားတဲ့
                    ယုံကြည်မှုလမ်းမထပ်ကနေ
                    တို့ နှစ်ယောက် မသွေကွာပဲ
                    အတူ လျှောက်လှမ်းရအောင်နော်
                   ♥ဆောင်ရွက်သူ♥ သူ လေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...