နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Thursday, June 12, 2014

အရေးပါသော BACKUP အကြောင်း


   BACKUP ပြု့လုပ်ရန် ကွန်ပျူတာ သုံးသူတော်တော်များများဟာ မေ့လျှော့နေတတ်ပါတယ်။အရေးပါသော DATA တခုခု ဆုံးရှုံးသွားမှသာ  BACKUP လုပ်ရန်သတိရတတ်ကြပါတယ်။အသုံးပြု့သူ အများစုဟာ မိမိ WINDOWS အသစ်ပဲ ဘာမှမဖြစ်နိုင်ပါဘူးဆိုတဲ့ အစွဲလေးတွေ ရှိကြပါတယ်။ဒါကြောင့် ပျက်စီးသွားတော့မှ နှမြောတမ်းတ ဖြစ်ကြရတယ်။
အဲဒီလို မဖြစ်ရအောင် Backup လုပ်နည်းလေးကို ကျနော်နားလည်သလောက် တင်ပေးလိုက်ပါတယ်။
ပထမဦးစွာ Backup နှစ်မျိုးရှိတယ်လို့ အကြမ်းသိထားလိုက်ပါ။
ပထမ တခုကတော့ SYSTEM BACKUP ဖြစ်ပါတယ်။
ဒုတိယ တခုကတော့ DATD BACKUP ဖြစ်ပါတယ်။SYSTEM BACKUP ကတော့ အသုံးပြု့နေသော WINDOWS OS နှင့် ထည့်သွင်းထားသော PROGRAMS များကို မဆုံးရှုံး စေရန် လုပ်ဆောင်ပါတယ်။
ဒုတိယ ဖြစ်တဲ့ DATA BACKUP ကတော့ မိမိသိမ်းထားသော  DATA များမပျက်စီးမဆုံးရှုံးစေရန် ထပ်မံခွဲပြီး သိမ်းထားတာမျိုးဖြစ်ပါတယ်။မူရင်း DATA ဟာ အကြောင်းတခုခုကြောင့် ပျက်စီးသွားလျှင် အစားရှိနေတာကြောင့် မဆုံးရှုံးတော့ပါ။
ဒုတိယ DATA BACKUP ကတော့ လုပ်ဆောင်ရတာ လွယ်ကူပါတယ်။ဆိုဒ်သေးရင်တော့ DATA များကို COPY / PASTE ဖြင့်သာ အခြားသော USB စနစ်သုံး Storage Driveတွေ နဲ့ ကူးယူသိမ်းထားလို့ရပါတယ်။
ဆိုဒ်ကြီးရင်တော့ Zip ဖြင့်ချုံ့ကာ သိမ်းဆည်းကြပါတယ်။ထိုအတွက် ZIP Program တခုခုတော့ မိမိစက်မှာ သွင်းထားဖို့လိုပါတယ်။မခက်ခဲတာကြောင့်  သီးသန့် မဖော်ပြတော့ပါ။စာဖတ်သူ Backup လုပ်လိုသော Data တွေဟာ များနေလျှင် ဒါမှမဟုတ် ဆိုဒ်ကြီးနေလျှင် Winrar ဖြင့်ချုံ့ပြီးမှ External Drive  တခုခုတွင် ကူးယူ သိမ်းထားလိုက်ပါ။
• DATA BACKUP လုပ်နည်းကတော့ မိမိ စုဆည်းထားသော FOLDER ပေါ်တွင် ညာကလစ်ထောက်၍ Add To File Name ကိုရွေးချယ်ပေးလိုက်ရုံဖြင့် အလွယ်လုပ်ဆောင်နိုင်ပါတယ်။ပြန်ဖွင့်လိုလျှင် Zip filder ကို Double Click ပေးလိုက်ပါ။

•  SYSTEM BACKUP လုပ်ဆောင်ခြင်း
System Backup ပြု့လုပ်ဖို့အတွက် Softwares အကူများစွာရှိပါတယ်။ဒါပေမယ့် မူရင်းပါရှိပြီးသား Windows 7မှ စနစ်ဟာ အကောင်းဆုံးနှင့် အလွယ်ကူဆုံးဖြစ်ပါတယ်။အလိုလျှောက် Backup လုပ်ဆောင်နိုင်သော စနစ်ကြောင့် သီးသန့် Backup လုပ်စရာမလိုတော့ပါဘူး။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...