နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Thursday, February 18, 2016

ဖုန်းတစ်လုံး အသစ်ဝယ်ပြီး ဘယ်လို အားသွင်းကြမလဲ........


ဖုန်းတစ်လုံး အသစ်ဝယ်ပြီး စသုံးမယ့် အချိန်နဲ့ နောင်အချိန်တွေမှာ
Battery ကိုဘယ် လောက်အချိန်ကြာကြာ အားသွင်းသင့်တယ် ဆိုတာ
ကို အတော်များများ မသိကျပါဘူး။
ဖုန်းတစ်လုံးဝယ်တော့ ဖုန်းဆိုင်အတော်များများ က စမသုံးခင်
8:00 လောက် အား သွင်းပြီး မှသုံးပါ လို့ မှာတာ အတော်များများ
တွေ့ ဖူးတယ်။
ဘာကြောင့် အဲလိုသွင်းရသလဲ ? မေးရင် အတိအကျပြန်မဖြေနိုင်ကျပါဘူး။
အဲဒီတော့ USER တွေက အဲဒီညတစ်ညလုံး အားသွင်းလိုက်ပါရော။
8:00 ဆိုတဲ့ကြာမြင့်မှုက တစ် ညလုံး နီးပါးလောက် ကြာနေတာ ကို။
ဒီမှာတင်ပဲ USER တွေက တစ်ညလုံး အား သွင်းလဲ ကိစ္စမရှိပါဘူး ဆိုတဲ့အတွေး နဲ့ 
အလုပ်အား အလုပ်နားတဲ့ အချိန် ညပိုင်း မှာပဲ တစ်ညလုံး အားသွင်းပြီး အိပ်လေ့
ရှိကျပါတယ်။ မလုပ်သင့်ပါဘူး။ ဖုန်းကလဲ တန် ဘိုးကြီးပဲ Charger ကလဲ
Original အားပြည့်ရင် Auto ဖြတ်တဲ့ စနစ်တွေ ပါတယ် အား ပြည့်ရင်
Charger တွေက ဆက်အလုပ်မလုပ် တော့ ဘူး လို့ ထင်နေကျတယ်။
အခြား နိုင်ငံတွေမှာ ဖြစ်နိုင်စွမ်းရှိပေမယ့်မြန်မာနိုင်ငံမှာ တော့.....
မဖြစ်နိုင်ပါဘူး။
မြန်မာနိုင် ငံမှာ အသုံးပြုနေကျတဲ့ လျှပ်စစ်ထုတ် ပစ္စည်း များအကြောင်း
Electric City ( အိမ်သုံး လျှပ်စစ်) မီးလာနေတဲ့ အချိန်တွေမှာ Voltage Loses/ Frequency Loses တွေရှိ နေပါတယ်။ မီးပျက်ရတဲ့ အကြောင်း
ရင်းတွေက တော့
(1) Over Load (အလွန်အမင်း အသုံးပြုမှု များနေခြင်း)
(2) Voltage Loses ( ဗို့ အား ကျဆင်းခြင်း)
(3) Frequency Loses (frequency Hz မတည်ငြိမ်ခြင်း)
အစရှိတဲ့ အကြောင်းအချက်တွေကြောင့် တခါတလေ မှာ LDC ရုံးချုပ်မှ
မဖြစ်မနေ ဓါတ် အားဖြတ်တောက် ရပါတယ်။ မြို့ တွေက ဓါတ်အားပေးခွဲရုံ
တွေမှာဆိုရင် System break down / Default စတာတွေဖြစ်ပြီး
OCB တွေ ပြုတ်ကျတယ်လေ။ OCB ဆို တာက Oil Circuit Breaker ပါ။
Frequency / Voltage / Ampere တွေက သီအိုရီတွေ အရ တိုက်ရိုက်
အချိုးကျ သက်ရောက်မှုရှိနေတာကြောင့် ဖုန်းတွေကို တစ် ည လုံး Charging
သွင်းခြင်းမှ ရှောင်သင့်ပါတယ်။
Electric Generator (မီးစက်) အိမ်သုံး Generator တွေမှာ Syncronization
ဆိုတဲ့ ပြေပြစ် လိုက်လျောညီထွေမှုရှိ အောင် ဆွမ်းဆောင်နိုင်တဲ့ System တွေ မပါရှိတာ ရယ်။ ပါရှိနေသော်ငြားလည်း အပြည့်အဝ မစွမ်းဆောင်နိုင်တာရယ်။ Hz UV Meter မ ပါရှိတော့ Frequency ကိုအတိအကျ မသိရှိနိုင်တာရယ် စတဲ့ ပြစ်ချက် တွေကြောင့် စိတ်ချရမှု မရှိပြန်ပါဘူး။
Inverter ( Battery မှ လျှပ်စစ်စွမ်းအင် )
အိမ်သုံး လျှပ်စစ်ရဲ့ Wave Form က Sine Wave ဖြစ်ပြီး Inverter
ကထုတ်ပေး တဲ့ Wave Form ကတော့ Square Wave ကို Sine
Wave ဖြစ်အောင် ပြောင်းလဲ ထား တာပါ။ နားလည်လွယ်အောင်ပြောရရင် Sine Wave က ရေလှိုင်းပုံ ရှိပြီး Square Wave က လေးထောင့်စပ်စပ် ဆိုတော့ Sine Wave နဲ့ တူအောင် ထောင့်ချိုးလေးတွေ ကို အနား သတ်ပေးဘို့ AC Output မှာ Resistor နဲ့  Condenser နှစ်လုံးကို Series ဆက်ပြီး 220V ထွက်တဲ့ Output ကို ခွဆက်ပေးထား တာပါ။ အဲဒီတော့ Inverter ကကော စိတ်ချရပါသလား။ Mobile Phone Battery တွေ ကို ဘယ်လို Charging သွင်းကျမလဲ Power Saver System ပါတဲ့ ဥပမာ- Nokia 86 8MP ဖုန်းမျိုး စား တွေကတော့ ကြာချိန် 2:30 လောက်သွင်းသင့်ပါတယ်။
အကြောင်းကတော့ ဖုန်းကို စတင်အသုံးပြု တဲ့ အချိန်ရဲ့ Charging Time ကို
Software ကမှတ်သားထားပါတယ်။ တကယ်လို့  အဲဒီလို Charging
မလုပ်မိဘူးဆိုရင် အဲဒီ Battery က ဘယ်လောက် အားဖြည့်ဖြည့် ပြည့်ပေ
မယ့် အသုံးမခံတော့ပါဘူး။
အခြား ဖုန်းတွေကတော့ ပုံမှန်ပဲ Charging လုပ်ပေးပါ။ Battery တစ်လုံးမှာ
Charging အကြိမ်ရေ သတ်မှတ်ချက်ရှိပါတယ်။ ဘယ်အမျိုးစားမှာပဲဖြစ်ဖြစ်ပါ။
အဲဒီတော့ Battery ကို အနည်းဆုံး 20% ရောက်မှပဲ Charging
လုပ်စေချင်ပါတယ်။ တစ်ညလုံးအား သွင်း ရင် Battery သာမက ဖုန်းပါ
ဆုံးရှုံးနိုင်ပါတယ်။
ပြစ်ချက်တွေကတော့ Charging မရတော့ရင် Main Power IC/ Aux
Power IC လဲ ရတာတွေထိရှိပြီး တချို့ မှာဆို လုံးဝ ပြုပြင်လို့ မရတော့ပါဘူး။
ဖုန်းအသုံးပြု သူ အားလုံး အသိဥာဏ်ကြွယ်ဝ နိုင်ပါစေလို့  ဆန္ဒ ပြုလိုက်ပါတယ်။
Creadit to Ko Soe Win (mobileforum
လေးစားစွာဖြင့်
Naylinhtet (အိုင်တီလမ်းညွှန်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...