နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Sunday, January 24, 2016

အရေးပါသော Facebook ၏ လျှိ့ဝှက်ချက် အချို့ .....



၁။ # 005 # တစ်စုံတစ်ယောက်ကို Block လုပ်ချင်ရင် Setting ထဲက Privacy Setting မှာ Block List ကို တွေ့ရမှာပါ။ အဲဒီမှာ ကိုယ် Block လုပ်ချင်သူရဲ့ Email ရိုက်ထည့်ပြီး Remove လုပ်လိုက်ရုံ ပါပဲ။ နောက်တခါ Friend Request ထပ်ပို့မှပဲ ကျွန်တော်တို့ သူငယ်ချင်း ပြန်ဖြစ်နိုင် ပါတော့မယ်။

၂။ Comment တွေ ဖျက်ဖို့ဆိုရင် Remove Button နဲ့ ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံနဲ့ ရပါတယ်။

၃။ ကိုယ့်ပုံ သူများမမြင်စေချင်ရင် ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် Remove Tag လုပ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ်ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီဓါတ်ပုံ (Photo) အောက်မှာ Tag ချိတ်ထားတဲ့ ကိုယ့်နာမည် ရှိပါလိမ့်မယ်။ အဲဒီ နာမည် ဘေးမှာ Photo နဲ့ Remove Tag ဆိုတာ တွေ့ရပါမယ်။ Remove Tag လုပ်ရုံပါပဲ။ ဒါဆိုရင် Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

၎။ ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကိုပိုပြီး စိတ်ချရအောင် Account ထဲက Privacy Settings က Profile Information ကိုသွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo, Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friends တွေပဲ တွေ့စေချင်တာလား။ တခြား လူတွေပါ မြင်စေချင်သလားဆိုတာ ရွေးပါ။ Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာ တစ်ခုခုလုပ်ပါ။ Preview My Profile ကိုရွေးပြီး Check စစ်ဆေးကြည့်နိုင်ပါတယ်။ .......


၅။ ကိုယ့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့စေချင်ရင် Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကိုရွေးချယ်ပါ။ ခုဆိုရင် သင့် Friends တွေကပဲ ကိုယ့်ကို ရှာတွေ့မှာပါ။

၆။ Facebook Layout ပြောင်းချင်ရင် Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး ကိုယ့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Add-ons တွေ အများကြီး ရှိပါတယ်။ YontooLages အမည်ရှိ Add on software တစ်ခုကို Install လုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကိုပြောင်းပေးမှာပါ။

၇။ Friends List ကိုဖျောက်ချင်ရင် Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends of Friends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက် ရွေးလိုက်ရုံပါပဲ။

၈။ ဂိမ်း မကစားချင်တော့ဘူးဆိုရင် Facebook ရဲ့ Farmville ဟိုးအရင်တုန်းက ဆော့ခဲ့ပေမဲ့ အခုတော့ မဆော့ဖြစ်တော့ပေမဲ့ လက်ဆောင်များစွာက နေ့တိုင်း ရောက်နေဦးမှာပါ။ မျက်စိ နောက်စရာ ဒီပြဿနာအတွက် Application Setting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့ Remove လုပ်လိုက်ပါ။

၉။ Facebook မှာ Twitter လိုမျိုး hashtag ကို ထည့်လိုက်ပြီ နည်းနည်းကြာပါပြီ။ ဒါပေမဲ့ မသိသေးတဲ့ လူတွေ အဆင်ပြေအောင်လို့ ဒီလိုလေး လုပ်ကြည့်ပါ။ အကျိုးထူးပါတယ်။ နောက်ပိုင်း status တွေ ရေးရင် ကိုယ့် status ရဲ့ အဓိက သော့ချက် စကားလုံးကို # ခံပြီး ရေးလို့ရပါပြီ။ ဥပမာ - ဒေါ်အောင်ဆန်းစုကြည် အကြောင်း ရေးထားတာမျိုးဆိုရင် #DawAungSan SuKyi ဆိုပြီး status မှာထည့်ရေးလိုက်ပါ။ ဒါဆို ဘယ်လို အကျိုးကျေးဇူး ဖြစ်လာမလဲဆိုရင်တော့ www.facebook.com/hashtag/DawAungSanSuKyi ဆိုပြီး တစ်ယောက်ယောက်က ရှာလိုက်ရင် # မှာ ထည့်ပြီး ရေးခဲ့တဲ့ status တွေ အားလုံးကို သူ့အနေနဲ့ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သွားမှာ ဖြစ်ပါတယ်။ ဤမျှသာ။
လေ့လာ ဖတ်ရှု, မှတ်သားထားသမျှ တချို့မှ ပြန်လည် ဝေမျှခြင်းသာ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...