နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Tuesday, January 5, 2016

Zapya ကို ကွန်ပျူတာမှာသုံးချင်သူများ.......



 ဒီZapya ဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက်
ဖိုင်အပြင် Android စမတ်ဖုန်းတွေအတွက်ပါ ဖိုင် ၂-ခုကို ပူးတွဲ တင်ပေးထားပါတယ်..။ Android ဖုန်းတွေအတွက်ကတော့ Playstore မှာ ဝင်ယူလို့လည်း ရပါတယ်..။ Playstore ဝင်လို့ မရတတ်တဲ့ Android ဖုန်းတွေအတွက်တော့ ဒီဒေါင်းလော့ဖိုင်ထဲမှ APK ဖိုင်လေးကို ဖုန်းထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ ဟိုးအရင်တုန်းက ဗါးရှင်းက တရုတ်စာသားတွေနဲ့ ဖြစ်လို့ ဘယ်လို စသုံးရမှန်းမသိခဲ့ကြပါဘူး..။ အခုဒီဗါးရှင်းလေးမှာတော့ E-လိုနဲ့ Update ထွက်လာတာဖြစ်လို့ ကျနော်တို့အတွက် အသုံးပြုရ အဆင်ပြေစေပါတယ်..။ အသုံးပြုလိုတဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာတွေမှာ ဒီဆော့ဝဲလ်ကို ၂-နေရာစလုံး ထည့်ထားပြီးမှသာ အသုံးပြုလို့ ရမှာပါ..။
ကဲလိုအပ်ရင်တော့ အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။
ZaPya For PC ဒေါင်းယူရန်>>>MoneTharLay Zapya.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...