နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Saturday, January 23, 2016

Android 4.0 ရဲ့ အောက် ဗားရှင်းတွေအတွက် မြန်မာစာထည့်ခြင်းနှင့် ကီးဘုတ်သွင်းနည်း......

ဒါက တော်တော် ခေတ်နောက်ကျန်ခဲ့ပြီလို့ထင်နေတာ.. မိတ်ဆွေများထဲမှာ Android 2.1 ကနေ 2.3.7 ထိ သုံးနေကြပြီး ခုမှ Root ဖောက် မြန်မာစာထည့်ချင်သူတွေလည်း အများကြီးရှိနေတာ တွေ့ရတော့ ဒီပို့စ်လေးကို တင်ဖြစ်တာပါ..
ကဲ.. စရအောင်ဗျာ.. ပထမဆုံး. မိတ်ဆွေတို့ရဲ့ ဖုန်းတွေကို Root ထားပြီးသာဖြစ်ရပါမယ်..
1. အောက်ကလင့် မှာ Zawgyi Installer နဲ့ Myanmar Keyboard ကို ဒေါင်းလိုက်ပါ.. ( PC နဲ့ဒေါင်းနှော်.. )
2. Zawgyi Installer ကို ဖုန်းမှာ Install လုပ်လိုက်ပါ..ပြီးရင် Open ကိုနှိပ်၊ ဒါမှမဟုတ်. App Drawer ထဲက Zawgyi Installer ပုံကို နှိပ်လိုက်ပါ..

3. အောက်ကပုံလိုပေါ်လာမှာဖြစ်ပါတယ်..Check For Root Access ကိုနှိပ်လိုက်ပါ..

4. Root ပေါက်ပြီးသားဆိုရင် Font Install လုပ်ဖို့ စာရင်းကို ရောက်သွားမှာဖြစ်ပါတယ်.. အဲဒီထဲက Install Zawgyi Mobile ကိုနှိပ်လိုက်ပါ..


 
5. Zawgyi Font ကို Install လုပ်ပြီးကြောင်း အောက်ကပုံပေါ်လာမှာဖြစ်ပါတယ်..ဒါဆိုရင် Exit and Reboot Phone ကိုနှိပ်လိုက်ပါ.. ဖုန်းက Shutdown ကျသွားပြီး ပြန်တက်လာပါလိမ့်မယ်..

ဒီအဆင့်မှာ Zawgyi Font ထည့်တဲ့အဆင့် ပြီးပါတယ်.. Content, Message, Webpage တွေမှာ မြန်မာစာ ဖတ်လို့ရနေပြီပေါ့..

မြန်မာစာကို ကိုယ်က ရေးမယ်ဆိုရင် Keyboard ဆိုတာ ထည့်ပေးရပါတယ်.. အဲဒီအတွက် Keyboard ကိုခုနက ဒေါင်းထားတဲ့ Myanmar Keyboard ကို Install လုပ်လိုက်ပါ..
1. .ပြီးရင် Open ကိုနှိပ်၊ ဒါမှမဟုတ်. App Drawer ထဲက MyanKey ပုံကို နှိပ်လိုက်ပါ..

2. Go to Setting ကိုနှိပ်ပါ..

3. အပေါ်နားက Select Input Method ကိုနှိပ်ပြီး  MyanKey ဘေးက အစက်ကလေးကို နှိပ်ပါ..


4. အောက်နားက MyanKey ရဲ့ ညာဘက်ဘေးကို အမှန်ခြစ်လိုက်ပါ..

5. MyanKey Setting ကိုနှိပ်ပြီး Types of Keyboard ကိုထပ်နှိပ်.. ကိုယ်ကြိုက်တဲ့ ကီးဘုတ်အမျိုးအစားရဲ့ဘေးက အဝိုင်းလေးကို နှိပ်ပါ..


 ဒါဆိုရင်တော့ ကီးဘုတ်ကို တပ်ဆင်ပြီးသွားပါပြီ.. Back Key နဲ့ပဲထွက်ထွက်၊ Home Key ကိုနှိပ်ပြီးပဲထွက်ထွက်.. Home Screen ကိုရောက်သွားပြီး Notepad မှပဲဖြစ်ဖြစ်.. စမ်းနိုင်ပါပြီ.. အဆင်ပြေမှာပါ.. 

ခုသုံးထားတဲ့ Zawgyi Installer နဲ့ MyanKey ဟာ ကိုသူရိန် ရဲ့ Thuria Zawgyi Installer နဲ့ Thuria Myanmar Keyboard ဖြစ်ပါတယ်.. Developer ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ..


အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...