နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Tuesday, January 19, 2016

အသင့်တော်ဆုံး Laptop ကွန်ပျူတာ တစ်လုံး ရွေးချယ်ဝယ်ယူခြင်း.......



ကွန်ပျူတာ များ၏အခန်းကဏ္ဍသည် ခေတ်သစ် နေထိုင်မှုဘ၀ပုံစံတွင် လွန်စွာ အရေးပါသော နေရာ၌ ရှိနေပြီးဖြစ်သည်မှာ အထူးတလည်ပြောဆိုရန်အကြောင်းမဟုတ်တော့ပေ။ အလားတူစွာပင် အလွယ်တကူ ရွှေ့ပြောင်းသယ်ဆောင် အသုံးပြုနိုင်သော Laptop ကွန်ပျူတာ များသည်လည်း ခေတ်သစ် လူနေမှု အ၀န်းအ၀ိုင်းထဲ၌ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာလျက် ရှိနေပါသည်။
ယခုအခါတွင် လည်းကောင်း Laptop ကွန်ပျူတာ များသည် Desktop Computer များနှင့်မခြား စွမ်းရည်မြင့်မား လာသည်သာမက အလွယ်တကူ သယ်ယူနိုင်မှုတွင်လည်း ယခင်နှစ်များကထက် များစွာ ပေါ့ပါး ၀န်ကျဉ်း လာသည်ကို တွေ့ရပါသည်။ သို့သော် ခေတ်ပေါ်လျှပ်စစ်ပစ္စည်းများအားလုံးကဲ့သို့ နည်းတူစွာ အမှတ်တံဆိပ်အမျိုးမျိုး နည်းပညာအမျိုးမျိုး အရည်အသွေး အမျိုးမျိုး ရှိသည်ဖြစ်ရာ  မိမိအသုံးပြုရန်အတွက် ရွေးချယ်ဝယ်ယူရန် မှာမူကား အချိန်နှင့် လေ့လာမှု အနည်းငယ်လိုအပ်ပေမည်။ ယခုတင်ပြမည့် အချက်အလက်များသည် ဈေးကွက်အတွင်းအတွေ့ရများသော Laptop အမျိုးအစားများနှင့် အသုံးပြုမည့် နယ်ပယ်အသီးသီး အပေါ်တွင် အခြေခံ၍ လည်းကောင်း သက်ဆိုင်ရာ နယ်ပယ်အလိုက် အသုံးများသည့် အမျိုးအစားများကို တင်ပြသွားပါမည်။

Laptop ကွန်ပျူတာများကို ထုတ်လုပ်ထားသည့် အရွယ်အစား လုပ်ဆောင်နိုင်သည့် စွမ်းရည် ဈေးနှုန်း စသည်တို့ပေါ်တွင်မူတည်၍......
အုပ်စုများ ခွဲခြား၍ လေ့လာနိုင်ပါသည်။


Netbook  ကွန်ပျူတာ များ





Netbook များသည် အင်တာနက်ကြည့်ရှုခြင်း အခြေခံကျသော စာရင်းဇယားများနှင့် စာရေး၊စာဖတ်ခြင်း ပေါ့ပေါ့ပါးပါး အလုပ်များလုပ်ကိုင်ခြင်း စသည့် စွမ်းဆောင်ရည်မြင့်မားရန် မလိုသည့် ပရိုဂရမ်များ သုံးစွဲနိုင်ကာ ဈေးနှုန်းသက်သာစွာ ထုတ်လုပ်ထားသော Screen အရွယ်အစား ၇ လက်မ မှ ၁၂ လက်မခန့်ဝန်းကျင်ရှိ ကွန်ပျူတာများဖြစ်ပါသည်။ လည်းကောင်းတို့ကို Intel Atom Processor ကဲ့သို့ Single Core low voltage CPU များဖြင့် အတွေ့ရများပါသည်။ CD ROM မပါရှိခြင်း Keyboard အရွယ်အစားသေးငယ်ခြင်း Professional သုံး အဆင့်မြင့် ပရိုဂရမ်များ အသုံးမပြုနိုင်ခြင်း စသည်အချက်များမှာ အခြားသော ကွန်ပျူတာများနှင့် ကွာခြားသော်လည်း ဈေးနှုန်းအလွန်သက်သာခြင်း ပေါ့ပါး၍ သယ်ဆောင်အသုံးပြုရလွယ်ကူခြင်း Windows 7 ကဲ့သို့သော OS များကိုအသုံးပြုထားခြင်းကြောင့် မိမိအသုံးပြုနေကျ Software Program များကိုဆက်လက်အသုံးပြုနိုင်ခြင်း စသည်တို့မှာ အားသာချက်များဖြစ်ပါသည်။


Ultra Portable Notebook ကွန်ပျူတာများ



Screen အရွယ်အစားမှာ ၁၁ လက်မ မှ ၁၃ လက်မခန့်ဖြစ်ပြီး အထူးပေါ့ပါး ပါးလွှာအောင် ထုတ်လုပ်ထားကြပါသည်။ CD ROM မပါရှိခြင်းမှလွဲ၍ စွမ်းရည်မြင့် ကွန်ပျူတာများဖြစ်ကြပြီး ဈေးနှုန်းမှာလည်း လည်းကောင်းတို့နှင့် စွမ်းဆောင်ရည်ခြင်းတူသည့် ပုံမှန် Laptop ကွန်ပျူတာများထက် ကြီးမြင့်သည်ဟု ဆိုနိုင်ပါသည်။ Intel Core i5 နှင့် Core i7 Processor များနှင့် အတွေ့ရများပါသည်။ အားသာချက်မှာ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်အသုံးပြုသည့် လုပ်ငန်းသဘာဝရှိသူများ ခရီးသွား စီးပွားရေးလုပ်ငန်းရှင်များ အတွက် စွမ်းရည်လည်းမြင့်၍ အလေးချိန် ပေါ့ပါးခြင်း အထူးပါးလွှာသည့်အတွက် ၀န်ကျဉ်းခြင်း စသည်တို့ဖြစ်ပြီး အားနည်းချက်မှာမူ အနည်းငယ် ဈေးနှုန်းကြီးမြင့်ခြင်း ဖြစ်ပါသည်။


Thin and Light  Laptop ကွန်ပျူတာများ





ပုံမှန် ၁၃လက်မ Screen အရွယ်အစားရှိပြီး အတန်သင့် ပေါ့ပါးကာ CD ROM စသည့် ကွန်ပျူတာ တစ်လုံး၏ အင်္ဂါရပ်အားလုံး ပါရှိသော်လည်း Display, CPU, RAM စသည်တို့မှာ အခြေခံအကျဆုံး ပစ္စည်းများကိုသာ သုံးစွဲထားလေ့ ရှိပါသည်။ ဈေးနှုန်း အနည်းငယ် ချိုသာသော်လည်း Heavy Program များသုံးစွဲရန်အတွက်မူ စွမ်းရည် အနည်းငယ် လျော့နည်းသည်ဟု ဆိုနိုင်ပါသည်။ Intel Pentium Dual Core (သို့မဟုတ်) Intel Core i3 ကဲ့သို့သော Intel ၏ ဈေးသက်သာသော Processor Series များဖြင့် တွေ့ရလေ့ရှိပါသည်။ သာမာန် ဖျော်ဖြေရေးအတွက် အသုံးပြုသူများ ကျောင်းသား/သူ များအတွက်မူ ဈေးနှုန်း အနည်းငယ်သက်သာခြင်းက အားသာမှုတစ်ရပ် ဖြစ်စေနိုင်ပါသည်။


Mid Size Laptop ကွန်ပျူတာများ



အစဉ်အလာအရ ၁၅လက်မ Screen အရွယ်အစားဖြင့် တွေ့ရတတ်ပြီး ၁၄ လက်မ နှင့် ၁၆ လက်မ အရွယ်များပါ ရှိတတ်ပါသည်။ အိမ်မှရုံး (သို့မဟုတ်) ကျောင်းမှရုံး စသည် နေရာအနည်းငယ်သာ ရွှေ့ပြောင်းအသုံးပြုတတ်သူများ အသုံးများလေ့ ရှိပါသည်။ Intel Core i3 မှ Intel Core i7 အထိလည်းကောင်း Graphic ပုံဖော်မှုများ ပိုမိုမြန်ဆန်စေရန် အတွက် သီးသန့် Memory ပါရှိသော / မပါရှိသောအမျိုးအစားများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတတ်ပါသည်။ အလေးချိန်ပေါ့ပါးမှုနှင့် ၀န်ကျဉ်းသေးငယ်မှုတို့ကို ဦးစားပေး ပြုလုပ်ထားခြင်းမရှိသော်လည်း မိမိလိုအပ်ချက်အလိုက် စွမ်းဆောင်ရည် အမျိုးအမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်ဝယ်ယူနိုင်ခြင်းက အားသာချက်တစ်ရပ်ဖြစ်ပါသည်။



Desktop Replacement Laptop ကွန်ပျူတာများ






၁၇ လက်မ (သို့မဟုတ်) ထို့ထက်ပိုကြီးသော Screen အရွယ်အစားများရှိပြီး ဂိမ်းကစားသူများ (သို့မဟုတ်) ဓါတ်ပုံ ရုပ်ရှင် ဗီဒီယိုတည်းဖြတ်သူများ ဂရပ်ဖစ် ဒီဇိုင်းပြုလုပ်သူများ အတွက် အမြင့်ဆုံးသော စွမ်းဆောင်ရည်များဖြင့် တည်ဆောက်ထားသော ၀န်ကျဉ်းကျဉ်းနှင့် အလွယ်တကူ ရွှေ့ပြောင်း သယ်ယူနိုင်သော ကွန်ပျူတာများဖြစ်ပါသည်။ ဈေးနှုန်းအရ အမြင့်ဆုံးတန်းတွင်ရှိသည်ဟု ဆိုနိုင်သော်လည်း ရွှေ့ပြောင်းသယ်ဆောင်ရာတွင် Desktop Station ကွန်ပျူတာများထက် များစွာ လွယ်ကူခြင်းက Gamer (သို့) Graphic Professional တစ်ယောက်အတွက် လွန်စွာအသုံးတည့်သည့် အချက်ဖြစ်မည်မှာသေချာပါသည်။

အထက်ပါ Laptop အမျိုးအစားများအပြင် Screen Resolution ကောင်းမကောင်း Connectivity Options (USB 3.0 , HDMI Port စသည်ပါမပါ) နှင့် သီးသန့် Graphic Unit ပါမပါ စသည်တို့ကိုလည်း ဂရုတစိုက် ရွေးချယ်သင့်ပါသည်။ Screen Resolution မှာ ၀ယ်ယူပြီးနောက်ပိုင်း အဆင့်မြှင်တင်ရန် အလွယ်တကူလဲလှယ်ရန် မဖြစ်နိုင်သောကြောင့် မိမိလိုအပ်ချက်နှင့် ကိုက်ညီစွာရွေးချယ်ရန်လိုပါသည်။ Connectivity အနေဖြင့် USB 3.0 ပါရှိခြင်းသည် လည်းကောင်းမှာ ယခင် Version 2.0 ထက် အဆများစွာပိုမိုမြန်ဆန်သောကြောင့် များပြားသော Data များကို အမြဲကူးယူ ရွှေ့ပြောင်းရသူများအတွက် အရေးပါသောရွေးချယ်မှုတစ်ရပ်ဖြစ်ပါသည်။ HDMI Port ပါရှိခြင်းသည် ခေတ်ပေါ် TV များ Projector များနှင့် တွဲဖက်အသုံးပြုရာတွင် မရှိမဖြစ် ရွေးချယ်မှုတစ်ရပ်ဖြစ်ပါသည်။ သီးသန့် Graphic Processor နှင့် Memory ပါရှိခြင်းသည် ဓါတ်ပုံ ဗီဒီယို ဂရပ်ဖစ် တည်းဖြတ်ခြင်း ဆက်စပ်လုပ်ငန်း လုပ်ကိုင်သူများ အတွက် အလွန်အရေးပါသော ရွေးချယ်မှုတစ်ရပ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကိုငယ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...