Wednesday, June 4, 2014
LAPTOP AND NOTEBOOK အတွက် သိမှတ်စရာများ…!
LAPTOPနှင့် NOTEBOOK တွေဟာပြုတ်ကျလျှင် ပျက်စီးနိုင်ပါသည်။
ဒါကြောင့်အသုံးပြုသောပုံစံကိုသတိထားရပါမည်။LAPTOP ပါ HARDWARES အစိတ်ပိုင်းများအားလုံးဟာ ဆိုဒ်သေးစေရန် ချုံထားတာကြောင့် အပူဒဏ်ကို ပိုမိုခံနိုင်အောင် နည်းလမ်းမျိုးစုံ စီစဉ်ထားပါတယ်။သို့သော်လည်း မြင့်မားသော အပူချိန်ကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်ပါတယ်။LAPTOP AND NOTEBOOK တွေဟာ နှစ်ရှည်သုံးလာသည်နှင့်အမျှ ပါဝါသိမ်းဆည်းနိုင်အား ကျဆင်းလာပါတယ်။အသစ်ဝယ်ယူစဉ်က၃နာရီ ၄နာရီ နီးပါးအချိန်ရခဲ့သော်လည်း အသုံးပြု ကာလ၁နှစ်ကျော်လာလျှင် ၁နာရီ ၂နာရီနီးပါးသာထိမ်းသိမ်းနိုင်ပါတော့တယ်။BATTERY အတွက်အဆိုးဆုံးပြသာနာမှာ အပူလွန်ကဲလာခြင်းနှင့် အသုံးပြုချိန် ကြာမြင့်လာခြင်းတို့ကြောင့် ပေါက်ကွဲနိုင်ပြီး အခန့်မသင့်လျှင် မီးလောင်သည့်အထိဖြစ်နိုင်ပါသည်။ဒီလိုဖြစ်ဖို့ကလည်း အလွန်ပင် ဖြစ်နိုင်ခြေ နည်းပါတယ်။ {သတိ } ထားအသုံးပြုလျှင် မဖြစ်နိုင်ပါဘူး။
• လိုက်နာဆောင်ရွက်သင့်သည့်အချက်များ …
1…NOTEBOOK AND LAPTOP အောက်တွင် အအေးခံပြား {cool pad} ထားသုံးသင့်ပါသည်။ 2…နောက် /ဘေးနှင့်အောက်ဘက်တို့ကို့ အပူထွက်ကောင်းရန် ထားသုံးရပါမည်။ 3...လူ၏ပေါင်ပေါ်နှင့် ခေါင်းအုံးကဲ့သို့အိဝင်နိုင်သောအထည်များပေါ်တွင်ကြာရှည်ထားမသုံးသင့်ပါ။ 4…Laptop ကိုAC နှင့်တိုက်ရိုက်ချိတ်ဆက်ပြီး အချိန်ကြာစွာအသုံးပြုလျှင် Battry သက်တမ်းတိုပါသည်။
5…မီးမှန်သောအရပ်ဒေသတွင်ဖြစ်ပါက Battry ကိုဖြုတ်ထားပြီး ACနှင့် တိုက်ရိုက် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။Battry ပြည့်နေလျှင် အားဆက်လက်မသွင်းရပါ။
6…အား လက်ကျန် ၂၀ % ထက်လျှော့အောင် မသုံးသင့်ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment