နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Sunday, July 13, 2014

မိန်းမများ နှင့် မပြီးမြောက်ခြင်း

••••••မိန်းမများ နှင့် မပြီးမြောက်ခြင်း•••••

မိန်းမများ မပြီးမြောက်ခြင်း အကြောင်းပြောမယ်ဆိုရင် ပြီးမြောက်ခြင်း အကြောင်း မပြောလို့ မဖြစ်ဘူး။ `မလိုပါဘူး။ အပိုတွေပါ´လို့ ဆိုသူတွေရှိမယ်။ ဘာပဲဖြစ်ဖြစ် သိသူတွေကို မေ့ထားပြီး မသိသူတွေအတွက် ရေးရပါမယ်။ ပြီးမြောက်ခြင်းဆိုတာ ၁။ လိင်ဆန္ဒ အထွတ်အထိပ် ရောက်သွားချိန်မှာ လိင်တင်းအားပြေလျော့သွားပြီး စအို နဲ့ တင်ပဆုံပိုင်း ကြွက်သားတွေ စည်းချက်ကျကျ တုန့်ပြန်မှုပါပဲ။ ၂။ မိန်းမကိုယ်လမ်းကြောင်းနဲ့ အောက်ပိုင်း သုံးပုံ တစ်ပုံ မှာ ရှိနေတယ့် ကြွက်သားတွေ၊ သားအိမ်ကြွက်သားတွေ၊ စအိုကြွက်သားတွေ သုံးကြိမ် ကနေ ဆယ့်ငါးကြိမ် အထိ ကျုံ့ညစ်ခြင်းဖြစ်လာပါလိမ့်မယ်။ ၃။ တစ်ခါကျုံ့ညစ်ချိန်ဟာ ၀.၈ စက္ကန့်လောက်ကြာပါတယ်။ ၄။ ခန္ဒာကိုယ် ကြွက်သား အစုအဝေး (ဥပမာ လက်ဖ၀ါး ဖြေဖ၀ါးတွေ) တွေလည်း သိလျက်နဲ့ ဒါမှမဟုတ် အလိုအလျောက် ကျုံ့ဆန့် လှုပ်ရှား နိုင်ပါတယ်။ ၅။ သွေးပေါင်ချိန် ၂၀-၃၀ လောက်တက်သွားမယ်။ နှလုံးခုန်နှုန်း ၁၆၀ အထိ မြင့်တက်သွားမယ်။ ၆။ ဖော်ပြထားတယ့် ပြောင်းလဲမှုတွေ ဖြစ်သွားချိန် စုစုပေါင်း ၃ စက္ကန့်ကနေ ၂၅ စက္ကန့် အထိကြာပါတယ်။ ၇။ အဲဒီ အချိန်ပိုင်းအတွင်း မိန်းကလေးမှာ သတိလက်လွတ် ဖြစ်သွားတတ်ပါတယ်။ ပြီးမြောက်ချင်းဟာ ဘယ်လိုဆိုတာပြီးတော့ မပြီးမြောက်ခြင်း အကြောင်း ဆက်ကြရအောင်။ မိန်းကလေးများ မပြီးမြောက်ခြင်း ဟာ ၀မ်းနည်းအားငယ်နေစရာ မဟုတ်ပါဘူး။ အနောက်နိုင်ငံက အထင်ကရ ဆေးခန်းတစ်ခုရဲ့ မှတ်တမ်းအရ မိန်းမများမပြီးမြောက်ခြင်းပြဿနာဟာ တခြား လိင်ပြဿနာတွေထက် လေးဆ ပိုများပါတယ်။ ပျမ်းမျှ မိန်းကလေး ၃၀ ရာခိုင်နှုန်း မှာ မပြီးမြောက်ခြင်းပြဿနာ ရှိနေပါတယ်။ ဒါပေမယ့် မပြီးမြောက်ခြင်းဟာ အသက်အရွယ်ရလာတာနဲ့အမျှ နည်းသွားပါတယ်။
အသက် ၃၅ နှစ် အထက်မှာ မိန်းကလေး ၅ ရာခိုင်နှုန်းကသာ မပြီးမြောက်တယ့် ပြဿနာကျန်တော့တာပါ။ ဒါဟာ လိင်ပိုင်းဆိုင်ရာ စိတ်လွတ်လပ်မှုရှိလာတာရယ်၊ အတွေ့အကြုံ များလာတာရယ်ကြောင့်လို့ ခန့်မှန်းပါတယ်။။ လက်ထပ်ပြီး မိန်းကလေးတွေဟာ လက်မထပ်ရသေးတယ့် မိန်းကလေးတွေထက် ပြီးမြောက်လွယ်တာဟာလည်း ဒီအချက်တွေကို ထောက်ခံနေပါတယ်။ ဒါဖြင့် ဘာအကြောင်းတွေက မပြီးမြောက်ခြင်းကို ဖြစ်စေသလဲ။ အကြောင်းတွေကတော့ အများကြီးပါ။ ခြုံငုံပြီး ၁၀ ချက် လောက် ထုတ်ပြချင်ပါတယ်။ ၁။ ကိုယ်ဝန်ရှိမှာ ရောဂါကူးမှာ စိုးရွံ့ခြင်း ၂။ လိင်ဆက်ဆံဖော် နဲ့ မပြေလည်ခြင်း၊ ချစ်ခင်မှု ပျက်ပြားနေခြင်း ၃။ မိန်းမကိုယ်တွင် ဒဏ်ရာ အနာတရရှိခြင်း၊ နာကျင်ခြင်း ၄။ လိင်ဆက်ဆံမှု၊ လိင်ထကြွမှုအပေါ် မိမိကိုယ်ကို အပြစ်မြင်ခြင်း ၅။ ပြီးမြောက်ချိန်တွင် သတိလက်လွတ်ဖြစ်ပြီး ရှက်ဖွယ် အပြုအမူမျိုး (ဥပမာ အော်ဟစ်ခြင်း) လုပ်မိမှာကို ပူပန်ခြင်း ၆။ ယခင်က ခါးသီးတယ့် လိင်အတွေ့အကြုံ ရှိခြင်း ၇။ စိတ်ဓာတ်ကျနေခြင်း၊ စိတ်ပူပန်ခြင်း နဲ့ အခြား စိတ်ရောဂါများရှိခြင်း ၈။ စိတ်ကျရောဂါအတွက် ဆေးသောက်နေရခြင်း (ဥပမာ SSRI) ၉။ လိင်ဆက်ဆံသည့် နည်းပညာညံ့ဖျင်းခြင်း ၁၀။ တခြား အကြောင်းများ (ဥပမာ- ၀မ်းဗိုက်နာကျင်ခြင်း၊ မိန်းမကိုယ် ယားယံခြင်း နဲ့ အဖြူဆင်းခြင်း၊ စိတ်ပင်ပန်းနွမ်းနယ်နေခြင်း သို့မဟုတ် စိတ်တိုခြင်း)  ဒေါက်တာအုန်းမောင် (ဖိုမ စိတ်ပညာ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...