နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Saturday, July 12, 2014

မင်း ဘာကိုးကွယ်လဲ…လူတွေမေးတိုင်း ဂုဏ်ယူစွာနဲ့ ငါအမြဲဖြေမယ်

••• လူတွေမေးတိုင်း ဂုဏ်ယူစွာနဲ့ ငါအမြဲဖြေတယ် ငါကိုးကွယ်တဲ့ ဘာသာ “ဗုဒ္ဒဘာသာ” •••

ငါကိုးကွယ်တဲ့ ဘာသာ
ရက်စက်ကြမ်းကြုတ်မှုတွေ မရှိ
အစဉ်ထာဝရ တည်ငြိမ်အေးချမ်းတယ် …

ငါကိုးကွယ်တဲ့ ဘာသာ
ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေမရှိ
သတ္တ၀ါတိုင်းအပေါ် သနားညှာတာ ကြင်နာတယ် …

ငါကိုးကွယ်တဲ့ ဘာသာ
ဖန်ဆင်းရှင်တွေ ကယ်တင်ရှင်တွေမရှိ
ကိုယ်ကြိုးစားမှ ကိုယ်ရတယ် …

ငါကိုးကွယ်တဲ့ ဘာသာ
မီးရှို့ခြေနင်းဖျက်ဆီးကြလည်း ပျောက်ပျက်ခြင်းမရှိ
ငါ့ရင်ထဲမှာ အမြဲရှိတယ် …

ငါကိုးကွယ်တဲ့ ဘာသာ
မဟုတ်၊ မမှန် ဝေဖန်ကြလည်း
ငါ့နှလုံးသားထဲက အမြဲယုံကြည်တယ် …

ငါကိုးကွယ်တဲ့ ဘာသာ
လူတွေမေးတိုင်း ဂုဏ်ယူစွာနဲ့ ငါအမြဲဖြေတယ်
ငါကိုးကွယ်တဲ့ ဘာသာ “ဗုဒ္ဒဘာသာ”
❀Credit … Thu Thu Lay ❀


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...