နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Tuesday, December 15, 2015

AK-74 ကျည်ဒဏ် iPhone အလုံးပေါင်းမည်မျှ ခံနိုင်ကြောင်း လက်တွေ့စမ်းသပ်......





ဝါရှင်တန်၊ ဇူလိုင် ၇
ရုရှားနိုင်ငံထုတ် AK-74 ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်လိုက်သည့်အခါ iPhone အလုံးပေါင်းမည်မျှ အရောက်တွင် ကျည်ဆံရပ်သွားသည်ကို လက်တွေ့စမ်းသပ်ခဲ့ကြောင်း CNET သတင်းတွင်ဖော်ပြထားသည်။
ကမ္ဘာကျော် ဗီဒီယိုဖိုင်များ ထုတ်လွှင့်ရာ YouTube ပေါ်တွင် EverythingApplePro ကဏ္ဍအတွက် လေ့လာသူများက လက်တွေ့စမ်းသပ်ရိုက်ကူးကာ ထုတ်လွှင့်ရန်အတွက် ယင်းသို့ iPhone များကို ထောင်ထားပြီး ပစ်ခတ်ရိုက်ကူးခဲ့ခြင်းဖြစ် ကြောင်း ယင်းသတင်းကဆိုသည်။
စမ်းသပ်သူများသည် iPhone 6 Plus အမျိုးအစား ၃ လုံး အပါအဝင် iPhone 6s ၂ လုံး၊ iPhone ကိုအတုလိုက်ထုတ်ထားသော ဖုန်းတစ်လုံးနှင့် Samsung Galaxy S6 တစ်လုံးတို့လည်း ပါဝင်ကြောင်း သိရသည်။
တစ်စက္ကန့်လျှင် ၈၈၄ မီတာအထိ ဖောက်ခွင်းအားကောင်းသည့် AK-74 ကျည်ခွင်းအားသည် ရှေ့ဆုံးက ထောင်ထားသည့် iPhone ၄ လုံးကို ဖြတ်ဖောက်ပြီး နောက်ဆုံး နံပါတ် ၅ ဖုန်းအရောက်တွင် ရပ်တန့်သွားကာ ဆဋ္ဌမမြောက် iPhone သည် မှန်အက်ကွဲရာလောက်သာရပြီး ဖုန်းကို ဆက်လက်သုံးနိုင်သည့် အနေအထားတွင် ရှိနေခဲ့သည်။
iPhone ကို အိတ်ထဲတွင်ထည့်ထားပြီး သေနတ်အပစ်ခံရသောကြောင့် အသက်ရှင်ရသည့် ဖြစ်ရပ်ရှိဖူးသော်လည်း သေနတ် အမျိုးအစားနှင့် အကွာအဝေးပေါ်လိုက်ပြီး ဖြစ်နိုင်ရန် ခက်ခဲကြောင်းကို လက်တွေ့စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ဖုန်းတိုင်း ကျည်ပြီး သည်ဟု မမှတ်ယူနိုင်ကြောင်း EverythingApplePro လေ့လာစမ်းသပ်သူများကပြောကြားသည်။

★ ★ ★ ★ ★

မူရင်းလင့်

http://maukkha.org/index.php/news-menu/international-news-maukkha/7973-2015-07-13-02-12-51

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...