နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Monday, December 21, 2015

ROOT လုပ်ငန်းစဉ် အကြောင်းတစေ့တစောင်း.……

*********************************************






ဒီတခါတော့ဖုန်းကို Root လုပ်တယ်ဆိုတာ ဘာကြောင့်လဲလို့
 ခဏခဏမေးလာကြတဲ့ သူတွေရှိလို့ ကျနော် သိ့ထားသလောက် ဖတ်ထားလေ့လာထားဖူးသလောက် Android Root လုပ်ငန်းစဉ် အကြောင်း တစေ့တစောင်းကို တင်ပေးလိုက်ပါတယ်။
Root လုပ်ငန်းစဉ် ဆိုသည်မှာ ………
Close System Android ဖုန်းများကို System ပိုင်းပြင်ဆင်ရန်အတွက်ပြု့လုပ်သော လုပ်ငန်းစဉ်
တစ်ခုဖြစ်ပါသည်။ ဆိုလိုသည်မှာ Root ဆိုသောစာလုံးသည် Linux OS အတွက် အသုံးပြုလေ့ရှိသော လုပ်ငန်းစဉ်လဲဖြစ်ပါသည်။
Android OS သည်လည်း Linux ကို မှီခိုရသော OS ဖြစ်သည့်အတွက် System ပိုင်းပြင်ဆင်နိုင်ရန် Admin Permission ရယူနိုင်ရန်အတွက်
Root လုပ်ရခြင်းဖြစ်ပါသည်။ ကွန်ပြူတာ Windows စနစ်မှာတော့ Admin Permission ဖြစ်ပါတယ်။ Android တို့ Linux တို့မှာတော့
Root Permission ပာုခေါ်ခြင်းဖြစ်ပါတယ်။

Root ပြုလုပ်သောအခါ System ပိုင်းပြင်ဆင်သုံးစွဲရသော Application များကို Open System ဖြင့် သုံးစွဲခွင့်ရှိလာပါတယ်။ ထို့အပြင် မိမိစိတ်တိုင်းကျ
ကျွမ်းကျင်မှု့ရှိပါက System ပိုင်းကို စိတ်ကြိုက် လိုအပ်သလို ပြင်ဆင်နိုင်သည့်အတွက် Rooting လုပ်ငန်းစဉ်သည် Android OS တို့အတွက် အရေးကြီးလုပ်ငန်းစဉ်
တစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ Root ပြုလုပ်ခြင်းပာာ Phone တစ်လုံးရဲ့ Warranty ကိုလဲ ပျက်ယွင်းစေတယ်ဆိုတာ သိရှိထားကြရပါမယ်။ နောက်တခုက ဖုန်း၏ သက်တမ်းကိုလည်း တိုစေပါသည်။
Userအများစုကတော့ Root လုပ်ကြတဲ့သူတော်တော်များများပာာ ဖုန်းကို Myanmar Font ထည့်သွင်းအသုံးပြုရန်နှင့် ဂိမ်းကစားကြဖို့သာ
အဓိက ထားပြု့လုပ်ကြပါတယ်။


Android Phone များကို Root ပြုလုပ်ခြင်းပာာ ပုံမှန်ထက်ပိုပြီး Performance များရရှိစေသည့်အပြင် Mobile OS ကိုလည်း စိတ်တိုင်းကျ ထိန်းချုပ်ခွင့်
ရရှိစေမှာလဲ ဖြစ်ပါတယ်။ ထို့အပြင် Phone အတွင်းပါဝင်တဲ့ Built-in Application များကိုလဲ Remover / Uninstaller Application များသုံးပြီး ဖယ်ရှား နိုင်ခွင့်ရရှိလာပါတယ်……

တနည်းအားဖြင့် Phone ရဲ့ System ပိုင်းအားလုံးကို Open System စနစ်ဖြင့် အသုံးပြု့ခွင့် ရှိလာခြင်း ဖြစ်ပါတယ်။
……ကျနော်သိသလောက် Android Phone Root အကြောင်းပါ……

အားလုံးကို လေးစားလျှက်………

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...