နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Thursday, December 24, 2015

FaceBook မှ Game များကို Block ပြု့လုပ်နည်း...



ဒီတခါတော့ မိမိ......
Facbook မှာ ဂိမ်းတွေ ခဏခဏ လာအပ်လို့ စိတ်အနှောက်ယှက် ဖြစ်နေလို့ ဖြစ်ဖြစ် နောက်တစ်ခါ ထပ်မလာစေချင်တော့ဘူး ဆိုရင် ဒီနည်းလေးက အရမ်းကို အသုံးဝင်လှပါတယ်။ ကျနော်လည်း Facbook ကို သူငယ်ချင်းမိတ်ဆွေတွေနဲ့ စကားပြောဖို့ နောက်ပြီး သတင်းနဲ့ဗဟုသုတရှိစေဖို့ သုံးတာဖြစ်လို့ ဂိမ်းတွေ ခဏခဏ invite လုပ်ခြင်းခံရတာ တော်တော်ကို စိတ် မအီမသာဖြစ်လှပါတယ်။ ခဏခဏလည်း Status တင်ပြီး တောင်းပန်နေရပါတယ်။ တောင်းပန်လို့မရအဆုံး စိတ်မကောင်းခြင်းများစွာဖြင့် Block လုပ်ရပါတော့တယ်။ ဒီနည်းက လူကို Block လုပ်တာမဟုတ်ဘဲ။ ဂိမ်းကို Block လုပ်တာဖြစ်ပါတယ်။

၁။ မိမိရဲ့ Facebook bar က Notification အချက်ပြတဲ့ ကမ္ဘာလုံးပုံလေးကို ကလစ်ပေးလိုက်ပါ။ ပြီးရင် ကိုယ့်ကို invite လုပ်ထားတဲ့သူရဲ့Notification ကို ကလစ်ပါ။ အောက်က ပုံအတိုင်း.....



၂။ Invite လုပ်ထားတဲ့သူရဲ့Notification ကို ကလစ်လိုက်ရင် နောက်ထပ် အင်တာနက်စာမျက်နှာမှာ Game box တစ်ခု ကျလာပါမယ်။ အဲဒီမှာ View in App Center ကို ကလစ်ပါ။ အောက်ပါပုံအတိုင်း.....



၃။ ပြီးရင် နောက်ထပ် အင်တာနက်စာမျက်နှာမှာ ဂိမ်းကစားဖို့ အချက်က ဘောက်တစ်ခုတွေ့ရပါလိမ့်မယ်။ အဲဒီမှာ အောက်ဆုံးနားက ဂိမ်းကို Block လုပ်ရန် Block ကို ကလစ်ပါ။ အောက်ကပုံအတိုင်း.....

၎။ Block နှိပ်လိုက်တာနဲ့ အတည်ပြုရန် Confirm Box ကျလာပါမယ်။ Confirm ကို ကလစ်ပေးပြီး အတည်ပြုပေးလိုက်ပါ။ Confirm ကို ကလစ်ပေးလိုက်တာနဲ့ သင့်ဆီ မလာစေချင်တော့တဲ့ ဂိမ်းကို Block လုပ်တာ အောင်မြင်ကြောင်း Block Successful Box ကျလာပါလိမ့်မယ်။ အောက်ကပုံမှာ ကျနော် Block လုပ်လိုက်တဲ့ Pet Rescue Saga ဂိမ်းပဲ ဖြစ်ပါတယ်။


 ဒီနည်းလေးကတော့ ....
 မူရင်း Facebook >> Privacy Setting >> Notification >>  App requests and activity မှာ မပါတဲ့ အပြင်က သီးသန့်လာတဲ့ ဂိမ်းများကို Block လုပ်နည်းဖြစ်ပါတယ်။ မူရင်း ဂိမ်းများကို Block လုပ်ချင်တယ်ဆိုရင်တော့ Facebook >> Privacy Setting >> Notification >>  App requests and activity အထိ သွားပြီး Edit မှာ မလာစေချင်တဲ့ ဂိမ်းများကို အမှန်ခြစ် ဖြုတ်ပေးလိုက်ရင် ရပါပြီ။
Facebook ဂိမ်း Invite အလုပ်ခံရခြင်းမှ ကင်းဝေကြပါစေ.....
အဆင်ပြေပါစေ....

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...