နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Sunday, January 24, 2016

အရေးပါသော Facebook ၏ လျှိ့ဝှက်ချက် အချို့ .....



၁။ # 005 # တစ်စုံတစ်ယောက်ကို Block လုပ်ချင်ရင် Setting ထဲက Privacy Setting မှာ Block List ကို တွေ့ရမှာပါ။ အဲဒီမှာ ကိုယ် Block လုပ်ချင်သူရဲ့ Email ရိုက်ထည့်ပြီး Remove လုပ်လိုက်ရုံ ပါပဲ။ နောက်တခါ Friend Request ထပ်ပို့မှပဲ ကျွန်တော်တို့ သူငယ်ချင်း ပြန်ဖြစ်နိုင် ပါတော့မယ်။

၂။ Comment တွေ ဖျက်ဖို့ဆိုရင် Remove Button နဲ့ ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံနဲ့ ရပါတယ်။

၃။ ကိုယ့်ပုံ သူများမမြင်စေချင်ရင် ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် Remove Tag လုပ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ်ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီဓါတ်ပုံ (Photo) အောက်မှာ Tag ချိတ်ထားတဲ့ ကိုယ့်နာမည် ရှိပါလိမ့်မယ်။ အဲဒီ နာမည် ဘေးမှာ Photo နဲ့ Remove Tag ဆိုတာ တွေ့ရပါမယ်။ Remove Tag လုပ်ရုံပါပဲ။ ဒါဆိုရင် Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

၎။ ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကိုပိုပြီး စိတ်ချရအောင် Account ထဲက Privacy Settings က Profile Information ကိုသွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo, Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friends တွေပဲ တွေ့စေချင်တာလား။ တခြား လူတွေပါ မြင်စေချင်သလားဆိုတာ ရွေးပါ။ Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာ တစ်ခုခုလုပ်ပါ။ Preview My Profile ကိုရွေးပြီး Check စစ်ဆေးကြည့်နိုင်ပါတယ်။ .......

Saturday, January 23, 2016

♪ တခြားသူမသိ​အောင်​ ဗွီဒီယို ခိုးရိုက်​ချင်​သူများအတွက် - Secret Video Recorder Pro v3.1.3 Apk (18-Jan) ♫......


***********************************************************


မိမိတို့ဖုန်း​လေးထဲက​နေ တခြားသူမသိ​အောင်​ ဗွီဒီယို ခိုးရိုက်​ချင်​သူများအတွက်​ အသုံးဝင်​တဲ့ Application တစ်​ခုဖြစ်​တဲ့..."Secret Video Recoder Pro v3.1.3" ကို တင်​​ပေးလိုက်​ပါပြီဗျာ။ ဗီဒီယိုရိုက်တဲ့နေရာမှာ လည်း အရှေ့အနောက်ကင်မရာနှစ်ခုလုံးကနေရိုက်ယူနိုင်မှာဖြစ်ပါတယ်ဗျာ။ Video ရိုက်ချင်တဲ့နေရာမှာ ဖုန်းလေးကိုချိန်ပြီးထားလိုက်ရုံပါပဲ။ ရိုက်ယူမယ့်အချိန်ကိုလည်း Schedule လုပ်ပြီးသတ်မှတ်နိုင်တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်ရောက်ရင်အလိုလျောက်ရိုက်ကူးပေးသွားမှာဖြစ်ပါတယ်ဗျာ။ တင်တဲ့သူတော့သိပ်မ ရှိပါဘူး အသုံးတည့်စေမယ့် Application လေးတစ်ခုဖြစ်လို့ ဒေါင်းယူထားစေချင်ပါတယ်ဗျာ။  Android OS 3.0 နှင့် အထက် ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။ အသေးစိတ်အချက်အလက်များကိုအောက် မှာဆက်လက်လေ့လာနိုင်ပါတယ်ဗျာ။
- Full HD Mode ရုပ်​ထွက်​ပိုင်းကို (1920x1080)
အထိ ရိုက်​ကူးနိုင်​ခြင်း.......
- Custom icon ကိုလည်း​ရွေးခြယ်​ထားရှိနိုင်​ခြင်း......
-ရိုက်​ကူးလိုက်​တဲ့ split video files ​တွေကို လည်း  internal or external SD card ထဲသို့
ရွေးခြယ်​ပြီး save လုပ်​ထားနိုင်​ခြင်း.......
- front and back camera အသုံးပြုပြီး ရိုက်​ကူးနိုင်​ခြင်း.....

Android 4.0 ရဲ့ အောက် ဗားရှင်းတွေအတွက် မြန်မာစာထည့်ခြင်းနှင့် ကီးဘုတ်သွင်းနည်း......

ဒါက တော်တော် ခေတ်နောက်ကျန်ခဲ့ပြီလို့ထင်နေတာ.. မိတ်ဆွေများထဲမှာ Android 2.1 ကနေ 2.3.7 ထိ သုံးနေကြပြီး ခုမှ Root ဖောက် မြန်မာစာထည့်ချင်သူတွေလည်း အများကြီးရှိနေတာ တွေ့ရတော့ ဒီပို့စ်လေးကို တင်ဖြစ်တာပါ..
ကဲ.. စရအောင်ဗျာ.. ပထမဆုံး. မိတ်ဆွေတို့ရဲ့ ဖုန်းတွေကို Root ထားပြီးသာဖြစ်ရပါမယ်..
1. အောက်ကလင့် မှာ Zawgyi Installer နဲ့ Myanmar Keyboard ကို ဒေါင်းလိုက်ပါ.. ( PC နဲ့ဒေါင်းနှော်.. )
2. Zawgyi Installer ကို ဖုန်းမှာ Install လုပ်လိုက်ပါ..ပြီးရင် Open ကိုနှိပ်၊ ဒါမှမဟုတ်. App Drawer ထဲက Zawgyi Installer ပုံကို နှိပ်လိုက်ပါ..

3. အောက်ကပုံလိုပေါ်လာမှာဖြစ်ပါတယ်..Check For Root Access ကိုနှိပ်လိုက်ပါ..

4. Root ပေါက်ပြီးသားဆိုရင် Font Install လုပ်ဖို့ စာရင်းကို ရောက်သွားမှာဖြစ်ပါတယ်.. အဲဒီထဲက Install Zawgyi Mobile ကိုနှိပ်လိုက်ပါ..

Tuesday, January 19, 2016

အသင့်တော်ဆုံး Laptop ကွန်ပျူတာ တစ်လုံး ရွေးချယ်ဝယ်ယူခြင်း.......



ကွန်ပျူတာ များ၏အခန်းကဏ္ဍသည် ခေတ်သစ် နေထိုင်မှုဘ၀ပုံစံတွင် လွန်စွာ အရေးပါသော နေရာ၌ ရှိနေပြီးဖြစ်သည်မှာ အထူးတလည်ပြောဆိုရန်အကြောင်းမဟုတ်တော့ပေ။ အလားတူစွာပင် အလွယ်တကူ ရွှေ့ပြောင်းသယ်ဆောင် အသုံးပြုနိုင်သော Laptop ကွန်ပျူတာ များသည်လည်း ခေတ်သစ် လူနေမှု အ၀န်းအ၀ိုင်းထဲ၌ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာလျက် ရှိနေပါသည်။
ယခုအခါတွင် လည်းကောင်း Laptop ကွန်ပျူတာ များသည် Desktop Computer များနှင့်မခြား စွမ်းရည်မြင့်မား လာသည်သာမက အလွယ်တကူ သယ်ယူနိုင်မှုတွင်လည်း ယခင်နှစ်များကထက် များစွာ ပေါ့ပါး ၀န်ကျဉ်း လာသည်ကို တွေ့ရပါသည်။ သို့သော် ခေတ်ပေါ်လျှပ်စစ်ပစ္စည်းများအားလုံးကဲ့သို့ နည်းတူစွာ အမှတ်တံဆိပ်အမျိုးမျိုး နည်းပညာအမျိုးမျိုး အရည်အသွေး အမျိုးမျိုး ရှိသည်ဖြစ်ရာ  မိမိအသုံးပြုရန်အတွက် ရွေးချယ်ဝယ်ယူရန် မှာမူကား အချိန်နှင့် လေ့လာမှု အနည်းငယ်လိုအပ်ပေမည်။ ယခုတင်ပြမည့် အချက်အလက်များသည် ဈေးကွက်အတွင်းအတွေ့ရများသော Laptop အမျိုးအစားများနှင့် အသုံးပြုမည့် နယ်ပယ်အသီးသီး အပေါ်တွင် အခြေခံ၍ လည်းကောင်း သက်ဆိုင်ရာ နယ်ပယ်အလိုက် အသုံးများသည့် အမျိုးအစားများကို တင်ပြသွားပါမည်။

Laptop ကွန်ပျူတာများကို ထုတ်လုပ်ထားသည့် အရွယ်အစား လုပ်ဆောင်နိုင်သည့် စွမ်းရည် ဈေးနှုန်း စသည်တို့ပေါ်တွင်မူတည်၍......

Sunday, January 17, 2016

Phone နံပါတ်​မလိုပဲ မြန်​မာပြည်​မှာ Phone နဲ့ Facebook အ​ကောင့်​ဖွင့်​နည်း.....




ဒီနည်းက​တော့ မိမိတို့ Android ဖုန်း​တွေမှာ Google System ပါမှအဆင်​​ပြေမယ်​ဖြစ်​ပါတယ်​။
Facebook Account လုပ်နည်းတွေကတော့အမျိုးမျိုးပါပဲ... လွယ်တာတွေလည်းရှိသလို .. ရှုပ်တာတွေလည်းရှိပါတယ်.. အခုလည်း Android ကနေ  Facebook Account လုပ်နည်း တစ်မျိုးထပ်တွေ့လို့ တင်ပေးလိုက်ပါတယ်... အဆင်ပြေကြပါစေဗျာ...


တကယ်တော့ အကောင့်လုပ်တာမရဘူးဆိုတာက မြန်မာနိုင်ငံကနေလုပ်နေတယ်လို့ facebook

ကယူဆတော့ ဖုန်းနံပါတ်နဲ့စစ်ဆေးတော့ မြန်မာကနေ လုပ်ရင်အဆင်မပြေဘူးဖြစ်နေတယ်၊ 

နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းဖုန်းကို အကူအညီတောင်ပြန်တော့လည်း တစ်ခုခုဖြစ်တိုင်း

မယုံကြည့်တဲ့အခါတိုင်း facebook က အဲဒီပထမဆုံးထည့်ထားတဲ့ ဖုန်းနံပါတ်ကို code ပို့ပေးပြီး

စစ်ဆေးလေးရှိတယ် ဒီအတိုင်းလည်း သိပ်အဆင်မပြေဘူးလေ။

      ပြဿနာရှိရင် ဖြေရှင်းနည်းလည်းရှိရမယ်လေ.......

Friday, January 15, 2016

LG Phone Version 4.4.2 အထက် ဖုန်းများကို Root ဖေါက်နည်း....



ဒီတခါတော့ LG Phone Version 4.4.2 အထက် ဖုန်းများကို Root ဖေါက်နည်း....လေးကို
တင်ပေးလိုက်ပါတယ်။
အောက်ကပုံလေးတွေကို ကြည့်ပြီး လိုက်လုပ်ကြည့်လိုက်ပါ၊
အဆင်ပြေပါစေ.....

Kingo Root Software ဒေါင်းယူရန်>>>MoneTharLay Kingo Root .
How to Root Any LG devices with Kingo Android Root in one-click?
Warning Rooting, on one hand, unleashes the true capability of an Android device; on the other hand, involves certain risks. So, as to the question "Root Or Not to Root", do not rush your move and think before you act.

Phone နံပါတ်မလို Facebook Account သစ်ဖွင့်နည်း (၁၀၀%) ........



ဒီနည်းလေးကတော့ Android ဖုန်းတစ်လုံးရှိရုံနဲ့ အကောင့်လွယ်လွယ်ဖွင့်လို့ ရပါတယ်၊ တကယ်လည်း ဖုန်းနံပါတ်မတောင်းပါဘူး။တစ်ဆင့်ချင်းရှင်းပြပါမယ်။စိတ်ရှည်ဖို့ တော့လိုမယ်နော်။ 


လိုအပ်တဲ့ apk ကိုအောက်မှာဒေါင်းလိုက်ပါ။

DOWNLOAD APK

အခုဖွင့်မဲ့နည်းက gmail နဲ့ ဟုတ်ဘူးနော်။အာ့ကြောင့် mail အသစ်လုပ်ဖို့  apk ဒေါင်းခိုင်းတာပါ။ 
gmail နဲ့ ဆိုရင်တော့ ဖုန်းနံပါတ်တောင်းလိမ့်မယ်။ကဲ…..စကြစို့ နော် 

၁။အခုဒေါင်းလိုက်တဲ့ apk ကိုဖွင့်လိုက်ပါ။ 

၂။ကျွန်တော်တို့ က Mail အသစ်လုပ်မှာမလို့  Sign Up ကိုရွေးပါ။ 

Thursday, January 14, 2016

Computer ကိုမောက်မသုံးဘဲ ပါးစပ်နဲ့ လိုရာခိုင်းမယ်။




ဒီတခါတော့ Computer မောက်မသုံးဘဲ ပါးစပ်နဲ့ လိုရာခိုင်းလို့ရတဲ့
နည်းပညာလေးကို တင်ပေးလိုက်ပါတယ်။
တကယ်ရတယ်နော်။
English Speaking တော့ နည်းနည်း တတ်ရလိမ့်မယ်။
နည်းနည်းစီ ကြိုးစားပြောကြည့်ပါ ။
ကဲစမ်းသပ်ချင်တယ် ဆိုရင်တော့ အောက်က
လင့်မှာဒေါင်းယူလိုက်ပါ ။
PDF ဒေါင်းယူရန် >>>MoneTharLat PDF .


Tuesday, January 12, 2016

PicSay Apk လိုအပ်နေသူများအတွက်……









ဒီတခါတော့ မိမိတို့ရဲ့ ဓာတ်ပုံများကို စိတ်တိုင်းကျ ပြု့ပြင် ဖန်တီးနိုင်တဲ့ PicSay v 1.7.0 Apk…လေးကို တင်ပေးလိုက်ပါတယ်။
Playstore မှာတော့ 129 B ပေးရပါတယ်။
ဒီမှာတော့ Free ပါ။
PicSay Apk Download Link……
http://www.mediafire.com/download/78vbnb8fiqma2ae/PicsayPro-v1.7.0.မုန်းသားလေး.apk

Power Bank တစ်လုံးကို ရွေးချယ် ဝယ်ယူမယ့်သူတွေ သိးသင့်သော အချက်(၇)ချက်………



ယနေ့ခေတ်ဋ္ဌ် (PHONE)ဖုန်းသုံးစွဲသူတွေ အတော်လေး များပြားလာပါပြီ ဖုန်းတစ်လုံး၏ သုံးစွဲနိုင်သည့် သက်တမ်းမှာ ဖုန်းအရည်အသွေးနှင့် ထုတ်လုပ်သူပေါ်လိုက်၍ ကွာခြားလေ့ ရှိပါသည်။ ဖုန်းသုံးစွဲသူ အများစုမှာ ခရီးသွားလျှင် ဖုန်းအားထပ်မံ ဖြည့်သွင်းနိုင်ရန်အတွက် အလုပ်ရှုပ်မခံ လိုကြသောကြောင့် အလွယ်တကူ အားဖြည့်သွင်းနိုင်သော Power Bank များကိုသုံးစွဲ လာကြသည်။ Power Bank များ၏ လျှပ်စစ်အား သိုလှောင်မှုနှင့် ရေရှည်သုံးစွဲနိုင်မှုမှာ အမှတ်တံဆိပ်ပေါ် မူတည်၍ ကွာခြားသည်။ Power Bank ဝယ်ယူလိုသူများ အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ဝယ်ယူ နိုင်ရန်နှင့် သုံးစွဲစဉ် သိထားသင့်သော အချက်များကို စုပေါင်း၍ဖော်ပြ ပေးလိုက်ပါသည်။

(၁) Brand ရှိသော တံဆိပ်နှင့် Protection Function ပါသော Power Bank ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော Power Bank တစ်ခုမှာ Loud, Self-checking, Over Load, Protection, Short Circuit Protection, insulation Protection Function များပါဝင်ပါသည်။

(၂) Conversion rate ကို သတိပြုပြီး မိမိဖုန်း Device နှင့် သင့်တော်သော Power Bank ကိုရွေးချယ် ဝယ်ယူပါ။

(၃) ဈေးနှုန်းနှိမ့်ပြီး mAh များသော Power Bank များမှာ အလွယ်တကူ Voltage instability ဖြစ်စေပြီး ပေါက်ကွဲမှုလည်း ဖြစ်စေပါသည်။ Mobile Phone Device ၏ Power အမျိုးအစားနှင့်အညီ Mobile Power စွမ်းရည်ကို ရွေးချယ်ပါ။ အရည်အသွေး ကောင်းသော 10000 mAh အပြည့်ပါသည့် Power Bank မှာပုံမှန် Smart Phone များကို ၄ ကြိမ်မှ ၅ ကြိမ်ထိ အားသွင်းနိုင်ပါသည်။ ကောင်းသော Power Bank ၏ ........

Monday, January 11, 2016

Android User များအတွက် အထူးအသုံးဝင်သော Android Apk များ.....


ဒီတခါတော့ Android User များအတွက် အထူးအသုံးဝင်သော Android Apk များ...
ကို လိုအပ်ရင် အလွယ်တကူ သုံးရအောင် RAR ချုံ့ပြီး တင်ပေးလိုက်ပါတယ်။
မိတ်ဆွေလည်း လိုအပ်ရင်တော့ အေညက်ကလင့်မှာဒေါင်းယူသွားလိုက်ပါ။
အားလုံးအဆင်ပြေပါစေသား....
သော်တာဧကရာဇ်
APK များဒေါင်းယူရန်>>>MoneTharLay Apk.

Sunday, January 10, 2016

ရည်းစားဟောင်းနဲ့ ပတ်သက်သမျှ ရှင်းလင်းပေးမယ့် Facebook ရဲ့ "Take A Break" လုပ်ဆောင်ချက်......

********************************************************************************

ကမ္ဘာ့ လူသုံး အများဆုံး လူမှုကွန်ရက် ဖြစ်တဲ့ Facebook ဟာ သုံးစွဲသူတွေ အချစ်ရေး တစ်ခုကို လမ်းခွဲပြတ်စဲ လိုက်တဲ့ အခါမှာ မခံစား ရစေမယ့် လုပ်ဆောင်ချက် တစ်မျိုးကို မိတ်ဆက် လိုက်ပြန် ပါတယ်။
သင့်ရဲ့ ရည်းစားဟောင်းဟာ Meme တွေ တင်တဲ့အခါ ၊ Status တွေ Update လုပ်တဲ့အခါ ၊ ဓါတ်ပုံတွေ တင်တဲ့ အခါမှာ Mutual Friend တစ်ယောက်ယောက် ကြောင့် သင့်ရဲ့ News Feed မှာ ပေါ်လာရင် နာကျင်စရာ အတိတ်တွေကို ခံစားမိ သွားမှာပါ။ ဒါကို Facebook က နားလည် သွားပြီး Tools အသစ်တွေကို စမ်းသပ်နေ ပါပြီ။ 

အဲဒီ Tools တွေကတော့ သင့်ရဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်သမျှ သင့်ကို မပြအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီနေ့ကစပြီး အမေရိက မှာ စမ်းသပ်ခဲ့တဲ့ ထို စနစ်အရ Facebook သုံးစွဲသူတွေဟာ သူတို့ရဲ့ Relationship Status ကို မိုဘိုင်းလ်က တဆင့် ပြောင်းလဲလိုက်တဲ့အခါမှာ သူတို့ရဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး ဘာကိုမှ မမြင်ရတော့အောင် "take a break" ဆိုတဲ့ အစီအစဉ်ကို ပါရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ထိုကဲ့သို့ ရွေးချယ်လိုက်ခြင်းအားဖြင့် သင် သတ်မှတ်လိုက်တဲ့ User ရဲ့ Post တွေကို သင့်ရဲ့ Feed မှာ ပြန်မပေါ်လာအောင် ကူညီပေးနိုင်မှာ .......

သင်မသိသေးတဲ့ Facebook မှာ ပြု့လုပ်နိုင်တဲ့ အချက်များ....



Facebook ဟာ ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခု အဖြစ် ရပ်တည်နေနိုင်ပါပြီ။ ဒီလို ရပ်တည်နေနိုင်တဲ့ အကြောင်းအရင်းကတော့ Facebook ဟာ သူ့ရဲ့ လူမှုကွန်ရက်မှာ စိတ်ဝင်စားစရာကောင်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်တွေကို ထည့်သွင်းပေးထားလို့ပဲ ဖြစ်ပါတယ်။ Facebook ကို လူတိုင်း လွယ်ကူစွာ အသုံးပြုနိုင်ပေမယ့် သူ့ရဲ့ လျှို့ဝှက်စွမ်းဆောင်ချက်တွေကို အသုံးပြုတတ်ရင် Facebook မှ သူငယ်ချင်းများနဲ့ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံမှုရှိခြင်း၊ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများကို အခြားလူများ မသိစေခြင်း၊ ပို့စ်များကို ရှာဖွေရာတွင် လွယ်ကူခြင်း၊ ပို့စ်များကို သိမ်းဆည်းခြင်း ၊ Mobile Data ကုန်ကျမှုကို သက်သာစေခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်စရာများကို တားဆီးနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများအပြင် အခြား ပျော်ရွှင်စရာ ကောင်းတဲ့ ရလဒ်များကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
Facebook Messages မှ “ Seen “ ကို ပိတ်ခြင်း။
----------------------------------------------------------
သင် စာမပြန်ချင်တဲ့ လူတစ်ယောက်က သင့်ထံ Message ပေးပို့လိုက်တဲ့အခါမှာ အဲဒီ Message ကို သင်ဖတ်လိုက်ပြီးတဲ့နောက်မှာ ပေးပို့သူက သင် ဖတ်ပြီးကြောင်း “ Seen” Read Receipts ကို ရရှိမှာ ဖြစ်ပါတယ်။ သင်ဖတ်ပြီးကြောင်းကို တစ်ဖက်လူက မသိစေချင် Browser Extension များကို အသုံးပြုပြီး Disable လုပ်နိုင်ပါတယ်။ Facebook Unseen Chrome Extension ၊ Firefox နဲ့ Internet Explorer တို့အတွက် Chat Undetected တို့ကို အသုံးပြုနိုင်ပါတယ်။
သူငယ်ချင်းများရဲ့ မွေးနေ့ကို Google Calendar , iCal , Outlook တို့မှာ ထည့်သွင်းခြင်း။ 
----------------------------------------------------------------------------------------

Playstore က App တွေ ADM နဲ့ ဒေါင်းယူနည်း....

***************************************************
အားလုံးပဲ မင်္ဂလာပါခင်ဗျာ.....ကျွန်တော် ဒီနေ့ တင်ပေးချ င်လေးကတော့ကျွန်တော်တို့ ဖုန်းမှာ Playstore ကနေ app တွေ ဒေါင်းလုပ်ဆွဲတဲ့အခါ Download Manager နဲ့ ဘယ်လိုဆွဲမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်သိပြီးသား သူများကတော့ ကျော်သွားလိုက်ပါမသိသေးသူများကို ရည်ရွယ်ပြီး ရေးခြင်းဖြစ်ပါတယ်အရင်ဆုံး လိုအပ်တဲ့ apk လေးတွေ ဒေါင်းလိုက်ပါနော်..
920 text editor >>> Download
Download Manager ပါ မရှိသေးရင်တော့အောက်မှာ new virsion ကို ဒေါင်းလိုက်ပါခင်ဗျာ..ADM Pro  >>>>      Download
ကဲ လိုအပ်တာတွေ ဒေါင်းပြီးရင်တော့ စရအောင်ဗျာ.အရင်ဆုံး ကိုယ်ဒေါင်းလုပ်လုပ်မယ့် apk ဆီကိုအရင်သွား  ထားပါ ....

 ကျွန်တော် ကတော့ Family Mobile Tracker ကို ဒေါင်းပြမှာဖြစ်ပါတယ် ရောက်ရင်တော့ အလယ်နားလောက်ထိကို .......

ကွန်ပျူတာမှာ USB STICK မတက်ဘူးဆိုရင်ပေါ့....


USB Memory Stick တွေဟာ တခြား External HD တွေနဲ့ နှိုင်းယှဉ်ရင် သိုလှောင်မှု နည်းပါးပြီး ဈေးမြင့်တယ်လို့ ထင်ရပေမယ့် သုံးစွဲရ လွယ်ကူ အဆင်ပြေစေပါတယ်။ သို့ပေမယ့် pen drive, flash drive တွေနဲ့ USB ပေါက်မှာ ထိုးတဲ့ တခြား external device တွေဟာ တစ်ခါတစ်ရံမှာ detect မမိဖြစ်နေတက်ပါတယ်။ ဒီအခါ Tast-bar မှာ "USB Drive Not Recognized" လို့ Error Message ပြသတက်ပါတယ်။


ဒီအခြေအနေမျိုးမှာ များသောအားဖြင့် USB Memory Stick ကို ဖြုတ်တပ်လုပ်ဖို့ပဲ စဉ်းစားမိကြပါလိမ့်မယ်။ ဒါဟာ အလုပ်မဖြစ်နိုင်ပါဘူး။ ကွန်ပျူတာ က USB ကို မသိခြင်း၊ ဒါမှမဟုတ် Window ချွတ်ယွင်းခြင်း ပြဿနာကို ရိုးရှင်းတဲ့ အောက်ပါ နည်းလမ်းနှစ်သွယ်နဲ့

Friday, January 8, 2016

ဓာတ်ပုံလေးကနေတဆင့် ချစ်သူကို စကားပြောခိုင်းမယ်။...







ဒီတခါတော့ မိမိရဲ့ ချစ်သူ ဒါမှမဟုတ် သူငယ်ချင်းတွေဆီကို
ဓာတ်ပုံလေးကနေတဆင့် ချစ်သူကို စကားပြောခိုင်းလို့ ရတဲ့
Mobile Appတခုဖြစ်တဲ့ .Photo Speaking Story Apk  လေးတခုကို တင်ပေးလိုက်ပါတယ်။
Facebook ပေါ်သို့ Share လုပ်နိုင်ပါသေးတယ်။
ကဲ စိတ်ဝင်စားရင်တော့ အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။
Apk ဒေါင်းယူရန်>>>မုန်းသားလေး Apk.

Apk Play Store Link>>>မုန်းသားလေးApk.

Thursday, January 7, 2016

Internet Download Manager Double Click Ready Useing.......







ဒီတခါတော့ Internet Download Manager အတွက် အခက်ခဲဖြစ်နေသော ဘော်ဒါများကို
ကလစ်နှစ်ချက် ပေးရုံနဲ့ ဘာမှ လုပ်စရာမလိုဘဲ
အဆင်သင့် သုံးလို့ရတဲ့ Internet Download Manager  Double Click Ready Useing......လေးကိုတင်ပေးလိုက်ပါတယ်။
IDM ဒေါင်းယူရန်>>>>MoneTharLay IDM .

မိမိရဲ့ အသံကို အသံ Effects မျိုးစုံ ပြောင်းလည်းနိုင်တဲ့ -Voice changer with effects v3.1.12 APK.....

************************************************************************

ဒီတခါတော့ Android ဖုန်းနှင့် Tablet ကိုင်းဆောင်ဘော်ဒါတို့အတွက် ပျော်ပျော်ပါးပါးလေး တခြားဘော်ဒါတွေကို စနောက်လို့ရစေမယ့် Voice Changer with Effects ဆိုတဲ့ Applicationလေးကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်းလေး အသုံးဝင်းပုံနှင့်လုပ်ဆောင်ချက်တွေကတော့ ဘော်ဒါတို့ မူရင်းအသုံးကို အခြားသော အသံပေါင်းများစွာသို့ပြောင်းလဲနိုင်ပါတယ်။ Voice Changer လုပ်နိုင်တာတော့ အသုံးမျိုးပေါင်း ၄၀ကျော် ၅၀နီးပါးရှိပါတယ်ဗျာ။မိမိရဲ့အသံတင်မဟုတ်ပါဘူး အခြားသောပြင်ပမှအသံတွေကိုလည်း ဖမ်းယူထားပြီးပြောင်း လဲပေးနိုင်မှာဖြစ်ပါတယ်ဗျာ။

♪ Facebook မှာ Upload ပြုလုပ်တဲ့ ဓါတ်ပုံများကို Rearrange ပြုလုပ်နည်း ♫......



Facebook က Default အားဖြင့် Upload ပြုလုပ်လိုက်တဲ့ ဓါတ်ပုံများကို အက္ခရာစဉ်အလိုက်စီပြီး ပြသပေး ပါတယ်။ Windows File Explorer လိုမျိုး ဖြစ်ပါတယ်။ Facebook မှာ ဓါတ်ပုံများစွာကို Upload ပြုလုပ်ပြီး ပို့စ်တင်တဲ့အခါမှာ News Feed မှာ ဓါတ်ပုံအားလုံးကို Preview အဖြစ် ပြသပေးခြင်းမရှိဘဲ အနည်းငယ် ကိုသာ ပြသပေးပြီး အက္ခရာစဉ်အရ ရှေ့ဆုံးမှ ဓါတ်ပုံကိုတော့ အကြီးဆုံး ပြသပေးပါတယ်။ Preview မပြသပေးထားတဲ့ ဓါတ်ပုံအရေအတွက်ကိုတော့ +5 , +6 စသဖြင့် ဖော်ပြပေးထားပါတယ်။ သင်နှစ်သက် တဲ့ ဓါတ်ပုံများကို Preview ပြသပေးစေချင်ရင် ဒါမှမဟုတ် အကြီးဆုံး အဖြစ် ပြသပေးစေချင်ရင် ဓါတ်ပုံများကို Upload ပြုလုပ်အပြီး ပို့စ်အဖြစ် မတင်မီ Rearrange ပြုလုပ်ရမှာ ဖြစ်ပါတယ်။


Status Update Box မှာ ရေးချင်တဲ့ စာသားကို ရေးပါ။ စာမရေးချင်ရင် Mouse Cursor ချပါ။ Camera Icon ပေါ်လာရင်

အခုတစ်လောအဖြစ်များသော ဖုန်းvirus ဖယ်ရှားနည်း......




ခုတလော နောက်ပိုင်း ဖုန်းတိုင်းမှာ ကိုယ်သုံးထားတဲ့ ဆော့ဝဲလ် တွေကြောင့် ဖြစ်နေတဲ့ virus ပိုးကို ဖယ်ရှားနည်းလေးပါ ။
ဒီနည်းကို သိရှိသူအားလည်း respet ပေးပါတယ် အခုကျနော်ပြထားတဲ့ပုံထဲအတိုင်း ဖြစ်ပျက်နေတဲ့ virus ပိုးကြောင့် စိတ်ညစ်နေများအတွက် ပြုလုပ်နည်းပုံထဲကအတိုင်း ဘဲလိုက်လုပ်ပါ။  သူ့ထဲအတိုင်းမလုပ်ဘဲ အခြားနည်းလမ်းနဲ့ ဆိုရင်တော့ ကျနော်မပြောတက်ပါ။
ကဲ virus ပိုးကိုဖယ်ရှားဖို့ ဆော့ဝဲလ် ၃ ခုလိုပါတယ်။

ပထမ တခုကိုအရင်ဒေါင်းလိုက်ကြရအောင်.....
Busybox pro.apk

***ဒေါင်းယူရန်***

ဒုတိယ ဆော့ဝဲလ်တခု ထပ်ဒေါင်းပါ......

New Black List Method (လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ မှားယွင်းနေပါတယ် လုပ်နည်း).....

**********************************************************************


ဒီတခါတော့ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာမအားသေးပါရှင် ဆိုတာက ရိုးလွန်းတယ်ဗျာ။
 ဒီတစ်ခါ အဆန်းလေးလုပ်ကြည့်ရအောင်......
လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ မှားယွင်းနေပါတယ်ပေါ့၊ အိုကေ Let Start the Party :P

1 : Phone ထဲကိုဝင်ပါ၊

2 : အောက်ကမျဉ်းသုံးကြောင်းကိုနှိပ် ပေါ်လာတဲ့ Setting ဆိုတာထဲ ၀င်

3 : Voice Call ကိုဝင်

4 : Call Forwarding ဆိုတာကိုတွေ့ ပါမယ် ၀င်ပါ၊

5 : Forward when Busy ကိုနှိပ် ပေါ်လာတဲ့အကွက်ထဲမှာ 133 လို့ ထည့်

6 : Forward When Unanswer ကို 5 ကအတိုင်း ထည့်

VivaVideo Pro v3.9.0 Apk For Android.....





ဖုန်းထဲမှာ video တွေကို edit လုပ်ဖို့ အကောင်းဆုံး application တစ်ခုဖြစ်တဲ့ VivaVideo လေးကို တင်ပေးလိုက်ပါတယ် ။
ခုတင်ပေးလိုက်တာက Pro version လေးပါ ။
play store မှာဆိုရင်တော့ ဒီကောင်လေးကို ပိုက်ပိုက်နဲ့ပေးဝယ်ရမှာ ဖြစ်ပါတယ် ။
ဒိမှာတော့ Free ပါ။
ဒီကောင်လေးရဲ့ အစွမ်းကိုလည်း တော်တော်များမျာ သိပြီးလောက်ပါပြီ ။
file size 30.1MB ရှိပြီး android 2.3.3 ကစပြီး အသုံးပြုနိုင်ပါတယ်။
ကဲလိုအပ်ရင်တော့ အောက်က လင့်မှာ ဒေါင်းယူလိုက်ပါ။
Apk ဒေါင်းယူရန်>>>>MoneTharLay Apk.

Wednesday, January 6, 2016

English 3D Font For Computer အလှများ.....





ဒါလေးကတော့ ကွန်ပျူတာ သမားများအတွက် English 3D Font  For Computer အလှများ.....ကို
Free Download လုပ်လို့ရအောင် တင်ပေးလိုက်ပါတယ်။
လိုအပ်ရင်တော့ အောက်ကလင့်မှာ ဒေါင်းယူလိုက်ပါ။
3D Font များဒေါင်းယူရန်လင့်....MoneTharLay 3D Font .

Laptop အဖုံးပိတ်လိုက်တဲ့အခါ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင် ပြုလုပ်နည်း.....

************************************************************************
မင်္ဂလာပါ ဒီနေ့တော့ သိထားသင့်တဲ့ အရာလဲဖြစ်သလို ကွန်ပျူတာ ကိုင်ဆောင်နေတဲ့ သတိမထားမိတဲ့ အရာလေးလဲဖြစ်နိုင်တဲ့ Laptop အဖုံးလေးပိတ်လိုက်တာနဲ့ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင်
ပြုလုပ်နည်းလေးတင်ပေးလိုက်ပါတယ်၊ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ လိုက်လုပ်နိုင်ပါတယ်နော်၊ လုပ်ဆောင်ရတာလွယ်ကူတယ်ဆိုပေမယ့်မသိရင်တော့ခတ်တာပေါ့နော်၊
ကဲကျွန်တော်နဲ့အတူလိုက်လုပ်
ရအောင်..



(၁) ကီးဘုပ်မှ Window Key+R ကိုတွဲနှိပ်ပြီး၊ RunBox ခေါ်ပေးလိုက်ပါ။ အောက်ကပုံလေးတိုင်ပေါ်လာရင်
တော့  Powercfg.cpl  ရိုက်ထည့်ပြီး၊ ok နှိပ်ပေး လိုက်ပါ။အောက်ကပုံလေးတိုင်းပါ..



(၂) နောက်တစ်နည်းဝင်နည်းကတော့ အောက်ကပုံလေးတိုင်းဖြစ်ပါတယ်၊ Power Option ထဲကို ဘယ်လိုဝင်ဝင် ကိုယ်လိုရာရောက်ဖို့ပါပဲ .....

♪ Facebook Version အားလုံးမှာ Video များကို 100% ဒေါင်းယူနိုင်မယ့် - MyVideoDownloader for Facebook v2.4.7 Apk ♫...




https://lh3.googleusercontent.com/GVmR_5Ob7VQkMJ_6HMMPzY1Ox-n3V1xzL0h7SGy5Qw9clsoC9aSqu86V6JbEt0L7QSQ=w300

ဒါလေးကတော့ Facebook ပေါ်မှ Video များကို ခြွင်းချက်မရှိ 100% ဒေါင်းယူနိုင်မယ့် Application လေးတစ်ခုတင်ပေး လိုက်ပါ တယ်ဗျာ။မည်သည့် Facebook Version မှာ မဆိုဒေါင်းယူနိုင် မှာဖြစ်ပါတယ်ဗျာ။ ရိုးရိုးလေးပါပဲ FB Video Downloader လေးနဲ့ဒေါင်းယူရ မှာဖြစ်ပါတယ်ဗျာ။ တော်တော် များများလည်းသိထားပြီးသားဖြစ်ပါ လိမ့်မယ်။ ဒါပေမယ့် ဒါလေးနဲ့ ဘယ်လိုဒေါင်းရင်ရမလည်းဆိုတာကိုသာ သတိလက်လွတ်ဖြစ်နေတာပါ။ အစကတော့ ကျွန်တော် လည်းမသိပါဘူး။ အသုံးပြုပုံကတော့ လွယ်ပါတယ် အခု Application လေးကို Install လုပ်ပြီး Facebook Login ၀င်လိုက်ပါ။ ပြီးသွားရင်တော့ မိမိကြည့်ချင်တဲ့ Video တွေကိုဒေါင်း ယူနိုင်ပါပြီ။ မိမိ Share ထားသော မိမိ Timeline ပေါ်မှာရှိသော Video များကိုလည်းဒေါင်း ယူနိုင်မှာဖြစ်ပါတယ်ဗျာ။သိထားပြီး သားဘော်ဒါ များကတော့

♪ မိမိရဲ့ Facebook Profile ကိုဘယ်သူတွေလာကြည့်လည်း - Who Viewed My Profile v1.0 Apk ♫....



ကျနော် .......
အခုတင်ပေးလိုက်တဲ့ Application လေးကတော့ စိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ မိမိရဲ့ Facebook Profile ထဲကို ဘယ်သူတွေဝင်ရောက်ကြည့်ရှုခဲ့သလည်းဆိုတာ ဖော်ပြပေးမယ့် Application တစ်ခုဖြစ်ပါတယ်ဗျာ။ အကြိမ်အများဆုံးအများဆုံး ၀င်ရောက်ကြည့်ရှုတဲ့သူအယောက် 300 အထိပြသပေး နိုင်မှာဖြစ်ပါတယ်ဗျာ။ ၀င်ရောက်ကြည့်ရှုတဲ့အရေအတွက်ပါဖော်ပြပေးမှာဖြစ်ပါတယ်။ အခု Apk လေး ကိုတော့ ခုခေတ်ညီမတွေညီတွေပိုပြီးစိတ်ဝင်စားကြပါလိမ့်မယ်။ မိမိရဲ့ Wall ပေါ်ကိုအမြဲတမ်း လာကြည့်နေ တဲ့သူတွေကိုသိနိုင်ပြီး သဘောကျရင်တော့ အဟဲဇတ်လမ်းတွေဆင်နိုင်တာပေါ့ဗျာ။ စတာပါဗျာ။ မိမိလိုချင် သလိုသုံးနိုင်တာပေါ့ဗျာ။ Android OS 3.0 နှင့်အထက်ဖုန်းများ မှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။
 သင်လည်း စိတ်ဝင်းစားတယ်ဆိုရင်တော့ ........

Tuesday, January 5, 2016

Maxthon Browser Latest version 4.9.0.2400 For PC.(၂၀၁၆) ထုတ်......



ဒါလေးကတော့ ကွန်ပျူတာ သမားများအတွက် လက်သု့းတော်တပါးဖြစ်တဲ့
Maxthon Browser Latest version 4.9.0.2400  For PC......လေးပါ။
2016 ထုတ်နောက်ဆုံးဗားရှင်းလေးရှင်းလေးပါ။
ကျနော်ဆိုအရင်က Mozilla Firebox ပဲသုံးတာပါ။
အခုဒီကောင်လေးကို သုံးကြည့်ပြီးတည်းက ကောင်းလို့ Mozilla Firebox ကို မသုံးတော့ပါဘူး။

ဘာတွေကောင်းလည်းဆိုတော့ ဆော့ဝဲလ်တွေကို Download လုပ်တဲ့အခါ
IDM Software မထည့်ထားလည်း လွယ်ကူစွာဒေါင်းယူနိုင်တဲ့ အပြင်
ဒေါင်းနေချိန် အင်တာနက် လိုင်းအားကျသွားခဲ့ရင်လည်း Remuse Download System ဖြစ်တဲ့
အစက ပြန်ဒေါင်းစရာမလိုတဲ့ စနစ်လည်းပါပါတယ်။
ကဲသုံးကြည့်ဗျား....
Maxthon Browser ဒေါင်းယူရန်>>>MoneTharLay Software.

CLASH OF CLAN (COC) GAME မှာမြန်မာလို မပေါ်တဲ့သူတွေအတွက်.....



CLASH OF CLAN (COC) GAME မှာမြန်မာလို မပေါ်တဲ့သူတွေအတွက်
======================================
CLASH OF CLAN (COC) မှာမြန်မာလိုမပေါ်တဲ့သူတွေအတွက်
မြန်မာဖောင့်သွင်းပေးမယ့် APK လေးပါ။
ဒီကောင်လေးကိုအသုံးပြုဖို့အတွက် မိမိဖုန်းပာာ 4.0 နှင့်အထက်ဖြစ်ရပါမယ်။
ဒီ Apk ကိုအသုံးပြုမယ်ဆိုရင်တော့ သင့်ဖုန်းမှာ Root Access ရှိပါမယ်။
အဆင်ပြေမပြေ စမ်းသပ်ကြည့်ကြပါခင်ဗျား
ဒီ Apk ကို မူရင်းရေးသားသူကတော့ ကိုဖြိုးညီညီ ဖြစ်ပါတယ်။
Credit Phyo Nyi Nyi
Admin @ဇူးနစ်(နည်းပညာ)

♪ ရေစိုသွားသော ဖုန်းကို ပြန်လည်ပြုပြင်နည်း (၅) ချက် ♫.....




(၁) ဘတ္တရီကို ချက်ချင်းဆွဲဖြုတ်လိုက်ပါ ။
ဖုန်းကို ရေစိုလိုက်တာနဲ့ Power ပိတ်ဖို့ လုပ်မနေဘဲနဲ့ ဘတ္တရီကိုသာ ချက်ချင်း ဆွဲဖြုတ်
လိုက်ပါ။ အဲလို ဘတ္တရီကို ဖြုတ်လိုက်ခြင်း အာဖြင့် သင့်ရဲ့ ရေစိုနေသော ဖုန်းကို ပြန်လည် ပြုပြင်နိုင်ပါလိမ့်မယ်။ အကယ်၍ iPhone ဆိုရင်တော့ power ကိုပဲ အမြန်ပိတ်လိုက်ပါ။
(၂) ဆင်းကဒ်ကို ဖြုတ်ပါ ။
တကယ်၍ ဟန်းစက်ဟာ ပျက်စီးသွားတယ်ဆိုရင် မှတ်သားထားသော contact information
ကို မပျောက်ပျက်စေရန် ဆင်းကဒ်ကို ဖြုတ်၍ လေမှုတ်စက်ဖြင့် မူတ်လိုက်ပါ။
(၃) ရေမချောက်မခြင်း ဖုန်းကို မဖွင့်ပါနဲ့
ရေအစိုဓာတ်တွေ မကုန်ဘဲ ဖုန်းပြန်ဖွင့်လိုက်မယ်ဆိုရင် သင့်ရဲ့ဖုန်းကို ပျက်စီး သွားစေမှာ ဖြစ်ပါတယ်။


(၄) ဆန်အိုးထဲတွင် မြုပ်ထားပါ ။
ရေစိုသွားသော ဖုန်းကို ဘတ္တရီ ဖြုတ်ပြီးပြီးခြင်းမှာပဲ အနီးနားမှာ ရှိသော ဆန်အိုး အတွင်းသို့ အလျင်အမြန် မြုပ်ထားလိုက်ပါ။
(၅) ရေခဲသေတ္တာထဲတွင် လျှပ်စစ်မသုံးဘဲ ထည့်ထားပါ....
တကယ်လို့ အလွယ်တကူ ဆန်အိုး မရှိဘူးဆိုရင် ရေခဲသေတ္တာ အတွင်းသို့ ရေစိုနေသော...

Zapya ကို ကွန်ပျူတာမှာသုံးချင်သူများ.......



 ဒီZapya ဆော့ဝဲလ်လေးက Bluetooth နဲ့ အသုံးပြုရသလိုပဲ.. Bluetooth မရှိတဲ့ ကွန်ပျူတာတွေအတွက် အတော်လေး အဆင်ပြေစေပါတယ်..။ PC (Desktop) တွေမှာဆိုရင်တော့ Wifi သုံးလို့ရအောင် Wireless Card စိုက်ထားတဲ့ PC တွေနဲ့ D-Link လို USB ပေါက်ကနေ အသုံးပြုလို့ရတဲ့ External Wireless Card တပ်ဆင်ထားတဲ့ PC တွေမှာဆိုရင် ဒီကောင်လေးကို အသုံးပြုလို့ အဆင်ပြေပါတယ်..။ မိမိတို့ရဲ့ ဓါတ်ပုံတွေ၊ Video တွေနဲ့ ဆော့ဝဲလ်ဖိုင်တွေကို ကွန်ပျူတာနဲ့ ဖုန်းတွေ (သို့) ဖုန်းအချင်းချင်းပါ Bluetooth နည်းတူ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။ အားသာချက်က ဖိုင်တွေပို့တဲ့အခါ Bluetooth ထက် အဆပေါင်းများစွာ ပိုမြန်ပါတယ်..။ ကွန်ပျူတာတွေမှာ ဆိုရင်တော့ Wifi ပါ ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါတယ်..။ ဒီဒေါင်းလော့ဖိုင်လေးထဲမှာ ကွန်ပျူတာအတွက်

Phone SIM Unlock လုပ်ချင်သူများအတွက်.......



ဒါလေးကတော့ SIM Unlock Code ကိုတွက်ချက်ပေးမဲ့  Software.....လေးပါ....တန်ဖိုးအရမ်းရှိပါတယ်ခင်ဗျာ....ပုံမှန်ဆိုရင် ကျွန်တော် တို့ ဦးဏှောက်နဲ့ တော်တော်လေး တွက်ချက် ရမဲ့ အဖြေကို တစ်ထိုင်တည်း ရှာပေးမဲ့ ဆော့ ဝဲလေးလည်းဖြစ်ပါတယ်.....မိမိတို့ ရဲ့ မိတ်ဆွေတွေကို လည်း အွန်လိုင်းကနေ ဒီ ကောင်လေးကိုအသုံးပြုပြီး အကူအညီပေး နိုင်ပါပြီ...ပုံမှန်ဆိုရင်တော့  SIM Unlock လုပ်တာ နိုင်ငံခြား ဆိုဒ်တွေမှာ ဒေါ်လာ မနည်းဘူးကေးရပါတယ်။.

ကျွန်တော်ကတော့ Free အနေနဲ့ ပြန်လည်မျှဝေထားပါတယ်...အသုံးပြုပုံလေးကို တစ်ခါတည်းပါ ဖော်ပြပေးထားတာမို့....အသုံးပြု လိုတယ်ဆိုရင် အောက်မှာဒေါင်းလုပ်ယူကြပါ...

လိုအပ်ချက်အနေနဲ့ ကတော့ 
==========================
1 . ROOT လုပ်ထားရပါမယ်။
 2. အရင်ဆုံး sim unlock လုပ်ဖို့ အတွက်
Download Here ကိုဒေါင်းထားရမယ်
 
3. မိမိတို့  ဖုန်းကို *#06# ကိုနိုပ်ပြီး IMEI နံပါတ်ကိုရှာပေးပါ 
 UN LOCK CODE ကိုတွက်ချက်ပုံ

မိမိဖုန်းကို ပြန်မရောင်းမီ ဘာတွေကို ပြင်ဆင်ပြု့လုပ် ကာကွယ်သင့်သလဲ......



ဒီတခါတော့ ကိုယ့်သုံးနေကျ Android Phone တစ်လုံးကို သူများဆီကို ရောင်းလိုက်တော့မယ်ဆိုရင် သတိထားပြီး ပြင်ဆင်ရမယ့် အချက်တွေကို ဖတ်မိတာလေးပြန်လည်မျှဝေပေးချင်ပါတယ်.. 

1. ကိုယ့်ရဲ့ Data တွေကို Backup လုပ်ပါ..
    Back up your data 
( ဒါမှ အခြားဖုန်းတစ်လုံးကို ကိုယ်ဝယ်တဲ့အခါ ကိုယ့် Data တွေကို ပြန်ထည့်နိုင်မယ်. ဒါမှမဟုတ် ကိုယ့် Data တွေကို ပြန်လိုချင်တဲ့အခါ ပြန်ရနိုင်ပါမယ်. )

2. Wireless နဲ့ ချိတ်ဆက်ထားမိခဲ့တဲ့ Wi-Fi တို့လို ချိတ်ဆက်မှုတွေကို ဖျက်ပစ်ပါ. ဒါမှမဟုတ် Deactivate လုပ်ပစ်ပါ.
    Delete and deactivate your phone from your wireless carrier 
( ဒါကတော့ ကိုယ့်ရဲ့ လုံခြုံရေးဆိုင်ရာ ချိတ်ဆက်မှုတွေကို ဖုန်းဝယ်သွားသူ ရမသွားစေဖို့ပါ )

3. SIM Card နဲ့ Memory Card ကိုဖြုတ်ပါ။ 
    Remove SIM and memory cards 
( Memory Card ထဲမှာ ကိုယ့်အရေးကြီးအချက်အလက်တွေ၊ ကိုယ်နှစ်သက်တာတွေကို မှတ်သားထားမှာဖြစ်ပါတယ်.. Memory ကိုတော့ ရောင်းတဲ့ထဲ မထည့်စေချင်ပါဘူး.. Memory Card ထဲက Data ကိုဖျက်ပစ်လို့ရတယ်ဆိုပေမယ့် Recover ပြန်လုပ်ပြီး ဖုန်းဝယ်သူက ကိုယ့်အချက်အလက်တွေကို ရယူသွားနိုင်တယ်ဆိုတာ သတိထားရပါမယ်.. SIM Card ကတော့ ကိုယ်အမြဲကိုင်ထားတဲ့ဖုန်းနံပတ်ဖြစ်လို့ တကယ်လို့......

Desktop Viber ( ကွန်ပျူတာပေါ်မှာ Viber မြန်မာလိုသုံးမယ် )......


ဒီတခါတော့ ကွန်ပျူတာမှာ Viber ကို မြန်မာစာ မှန်ကန်စွာနဲ့ အသုံးပြု့ချင်သူများ အတွက်
ပြု့လုပ်နည်းနှင့် PC အတွက် Viber Software လေးကို တင်ပေးလိုက်ပါတယ်။
ပထမဦးဆုံး......
ကွန်ပျူတာမှာ Viber သုံးရန်အတွက် PC Viber ကိုအရင်ဒေါင်းပါမယ်
PC Viber Setup.exe ဒေါင်းရန် >>> http://download.viber.com/desktop/windows/ViberSetup.exe

Setup.exe မှတစ်ဆင့် PC Viber Installation ဖိုင် ကိုဒေါင်းယူပြီး ကွန်ပျူတာမှာ Install လုပ်/ run ပါ။
Mobile Phone နံပါတ် ဖြည့်၊ ဖုန်း Viber ကိုဝင်လာတဲ့ Activation Code ကို ကွန်ပျူတာ Viber မှာ
ဖြည့်ပေးပါ။

ယခင် Desktop Viber မှာတော့ Arial Zawgyi နဲ့ မြန်မာစာ

Monday, January 4, 2016

OPPO R7 Lite, R7 Plus များကို Computer မလို Root လုပ်နည်း......




OPPO R7 Lite, R7 Plus များကို Root လုပ်နည်းကို
အားလုံးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။

တကယ်တော့ဒီOPPO R7 Lite, R7 Plus များကို ကွန်ပျူတာမလိုပဲ
ဖုန်းမှာတင် Apk လေးဖြင့် Root အလွယ်တကူလုပ်နိုင်ပါတယ်။

OppoTools_V1.6.3_150728.apk

OR

OppoTools_V1.6.3_150728.apk


How to Root 
===========
၁။ ဒေါင်းလော့ရာလတဲ့ Apk ကိုဖုန်းမှာ Install ပြုလုပ်ပါ
ပြီးရင် Apk ကိုဖွင့်လိုက်ပါ။ Root ဆိုတာကိုနှိပ်ပါ။


၂။ အောက်မှာပုံအတိုင်းမြင်နေရရင်တော့ One Key Root ဆိုတာကို
ထပ်နှိပ်ပေးလိုက်ပါ၊ ပြီးရင်ခနလေးစောင့်နေလိုက်ပါ။
ဖုန်းက Rooting Process ပြီးသွားတဲ့အခါ Reboot ကျသွားပါလိမ့်မယ်။

၃။  Reboot ကျပြီးလို့ပြန်တက်လာတဲ့အခါမှာတေ့
မိမိဖုန်းမှာ Root Access ရရှိကြောင်း SuperSu ကိုမြင်ရပါလိမ့်မယ်။



How to Unroot 
============
တကယ်လို့ Root လုပ်ထားတာကိုပြန်ဖျက်ချင်တယ်ဆိုရင်တော့
Apk ကိုပြန်ဖွင့်လိုက်ပါ၊ ပြီးရင် Un Root ဆိုတာလေးကိုနှိပ်ပေးလိုက်ရုံပါပဲ
ပြီးရင် Reboot ချပေးလိုက်ပါ၊ ပြန်တက်လာရင်တော့ Root Access မရှိတော့ပါ။


အားလုံးကိုကျေးဇူးတင်ပါတယ်

အဆင်ပြေပါစေ
Ref.Zunite

AIS Iris V4.4.2 ကို Root လုပ်ပြီး မြန်မာစာ ထည့်ချင်သူများအတွက်.....








AIS Iris (v4.4.2) အားလုံးကို ကွန်ပျူတာမလိုဘဲ Root ဖောက်ချင်သူများအတွက် လိုအပ်သော Root Tool လေးများကို တင်ပေးလိုက်ပါတယ်။
AIS IRIS (V4.4.2) အားလုံးကို ကွန်ပျူတာ မလိုဘဲ ဖုန်းပေါ်မှာ အလွယ်တကူ Root ဖောက်နိုင်ဖို့ အတွက် KingRoot Apk ကအဆင်ပြေပါတယ်.။
မြန်မာစာ ကိုလည်း 100%စာမှန်ပါတယ်။
မြန်မာစာချိန်းဖို့ အတွက်ကတော့ MMAio Font Changer Apk ကို အသုံးပြု့ပါ။
မိမိ ပြု့လုပ်မည့် ဖုန်းမှာ Internet ရှိဖို့တော့ လိုအပ်ပါတယ်။

KingRoot Apk ဒေါင်းယူရန်>>>MoneTharLay Apk.

Root Checker Pro Apk ဒေါင်းယူရန်>>>MoneTharLay Apk.

MMAio Font Changer Apk ဒေါင်းယူရန်>>>MoneTharLay Apk.



FontStyle ပါသော ဖုန်းများအတွက် Font အလှလန်းလန်းလေး သုံးချင်သူများ.....



Font Style ပါသော Samsung ဖုန်းတွေမှာအသုံးပြုနိုင်တဲ့ မြန်မာစလုံးလှ နှင့် အင်္ဂလိပ်စလုံးလှ လေးခုကိုတင်ပေးလိုက်ပါတယ်။
ယခု ဖောင့်ကို ဒေါင်းပါ Install လုပ်ပါ။
Open ပေါ်မှာမဟုတ်ပါဘူး။
ဒါကြောင့် ယခု ဖောင့်အားရွေးချယ်ရန်
မိမိဖုန်း ၏ Setting ကို နှိပ်ဝင်ပါ။
ပြီးလျှင် Display ကို နှိပ်ဝင်ပါ။
ပြီးလျှင် Font Style ကို နှိပ်ဝင်ပါ။
အဲ့ဒီ ရောက်လျှင် ယခုဒေါင်းထားသော မြန်မာဖာင့်အား ရွေးချယ် Ok နှိပ်၍
မိမိ ဖုန်းတွင် ယခုကဲ့သို့ လှပသည့် မြန်မာဖောင့်ပုံစံဖြင့် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Font အလှဒေါင်းယူရန်>>>MoneTharLay Font Apk.

Computer မှာ သုံးနေတဲ့ အင်တာနက်လိုင်းကို Wifi အဖြစ်ထပ်ဆင့်လွှင့်ထုတ်နည်း......




ဒါလေးကတော့
ကိုယ့်ကွန်ပျူတာ လက်တော့ထဲမှာ သုံးနေတဲ့အင်တာနက်လိုင်းကို ထပ်ဆင့်ပြန်ခွဲ

ပြန်လွှင့်လို့ အဆင်ပြေပါတယ် ။ ကိုယ့်ရဲ့ကွန်ပျူတာမှာ ရုံးကပဲဖြစ်ဖြစ် ဆိုင်ဖြစ်ဖြစ်
အင်တာနက်လိုင်းဝင်နေပြီဆိုရင်တခြားလူတွေသုံးဖို့  ဒီဆော့ဝဲလေးနဲ့ အလွယ်

ပြန်လွှင့်နိုင်ပါတယ် ။ လေ့လာလိုသူများ အောက်ကလင့်မှ Download ယူလိုက်

လုပ်နည်းသေချာဖတ်ပြီးမှာ Download ယူပါ လုပ်နည်းကို မှတ်ထားကြည့်ပါ

Download - VirtualRouterPlus- 2.3.0.rar
  
အသုံးပြု့နည်း......

ဒေါင်းလုပ်ယူထားတဲ့

Samsung Galaxy S5 G900f Lollipop 5.0 Rootလုပ်နည်း........

Samsung Galaxy S5 G900f Lollipop 5.0 Rootလုပ်နည်းလေးကို တင်ပေးလိုက်ပါတယ် ကိုယ်တိုင်စမ်းပြီးပါပြီ 100% Root ပေါက်ပါတယ် Rootကတော့ CF Auto Rootပဲဖြစ်ပါတယ် အရင်ဆုံး Root Zipကို အရင်ဒေါင်းလိုက်ပါ 

CF Auto Root  >>>Download Here.

Odin              >>>Download Here.

လိုအပ်တာတွေဒေါင်းပြီးရင် Rootလုပ်ဖို့စလိုက်ရအောင် ဖုန်းSettings ထဲကိုသွားပါ Developer optionsကိုဝင်ပါ USB debugging checkမှာအမှတ်ခြစ်လိုက်ပါ Settings ထဲမှာ Developer options မတွေ့ပါက about deviceကိုဝင်ပါ Build numberပေါ်ကိုလက်ဖြင့် ၆ချက်၇ချက်လောက်နှိပ်ပေးလိုက်ပါ ဒါဆို Developer optionsပေါ်လာပါလိမ့်မယ်။

ကဲဒါဆို Rootဖောက်ဖို့ စလိုက်ရအောင်.......

Computer မြန်မာစာ လက်ကွက်လေ့ကျင့်ရန်...





 ဒီတခါတော့ ကွန်ပျူတာ စတင်အသုံးပြု့သူများအတွက် 
မြန်မာစာလက် လေ့ကျင့်ရန် Software လေးကိုတင်ပေးလိုက်ပါတယ်။
နည်းစနစ်တကျ လက်ကွက်လေ့ကျင့်နိုင်စေဖို့ ဒါလေးကိဆောင်ထားလိုက်ပါ။
Software ဒေါင်းယူရန်>>>MoneThar Lay Software.

Facebook ရက်ပေါင်း ၆၀ မစောင့်ဘဲ နံမည်ပြောင်းနည်း.....




Facebook အသုံးပြုသူ User များအနေနှင့် မိမိ တို့ရဲ့ Profile Name ကိုပြောင်းတဲ့အခါမှာ ပြဿနာ အမျိုး မျိုးနဲ့ ရင် ဆိုင် ကြုံတွေ့နေကြရပါတယ်။

တစ်ချို့ ကိုနာမည်ကိုပြောင်းလိုက်ပြီးမှ မလိုချင်တော့ လို့ နောက် ထပ်နာမည် တစ်မျိုးပြန်ပြောင်းချင်တဲ့  အခါ ပြောင်းလို့မရတော့ပဲ ရက်ပေါင်းခြောက်ဆယ် စောင့်ရမယ်လို့ Facebook Policy က ထုတ်ပြန်ရေး သားထားပါတယ်။

အချို့ User တွေကတော့ ရက်ပေါင်း ခြောက်ဆယ် စောင့်ရတာနဲ့ အဆင်ပြေတာရှိသလို အချို့ ကျတော့ လည်း အဆင်မပြေတာတွေ ရှိပါတယ်။ ဒီပြဿနာတွေပြေလည်စေဖို့အတွက် နည်းလမ်းလေးတစ်ခု မျှဝေပေး လိုက်ပါတယ်။

အဲ့ဒါကတော့ မိမိ ရဲ့ Facebook Profile Name ကို

Sunday, January 3, 2016

Gmail, Gtalk, PlayStore,မပါတဲ့, Android ဖုန်းတွေအတွက်၊GoogleServiceများ.......



Gmail, Gtalk, PlayStore,မပါတဲ့, Android ဖုန်းတွေအတွက်၊GoogleServiceများဖြစ်တဲ့၊ Gmail,
Gtalk,နှင့် PlayeStore အစရှိတဲ့Application တွေကိုထည့်သွင်းပေးနိုင်မယ့်Gapps Installer Apk
များကိုတင်ပေးလိုက်ပါတယ်။ဒီ Apk တွေအသုံးပြုဖို့အတွက်၊မိမိဖုန်းဟာ Rooted ဖြစ်ထားဖို့လိုပါမယ်။
မိမိဖုန်းဗားရှင်းနဲ့ကိုက်ညီတဲ့လင့်ခ်က apkကိုဒေါင်းလုပ်ဆွဲပြီးထည့်သွင်းနိုင်ပါတယ်

-4.0 မှ4.0.4 Gapps installer  -ဒီမှာဒေါင်းပါ....
MoneTharLay Apk.

-4.1.2 အတွက် Gapps installer  -ဒီမှာဒေါင်းပါ.....
MoneTharLay Apk.

-4.2 မှ4.2.2 အတွက် Gapps installer  -ဒီမှာဒေါင်းပါ....
MoneTharLar Apk.

4.3 သမားများအတွက် -ဒီမှာဒေါင်းပါ.....
MoneTharLay Apk.




Related Posts Plugin for WordPress, Blogger...