• အခုကျနော် တင်ပြမှာကတော့ မိမိတို့ရဲ့ Computer Desktop background ကို တခြားသူ ပြောင်းလို့မရအောင် Lock ချထားတဲ့ နည်းလေးပဲဖြစ်ပါတယ်။မိတ်ဆွေလည်း Lock ချထားချင်တယ် ဆိုရင် လုပ်နည်းလေးတော့ လွယ်ပါတယ်။လုပ်နည်းကတော့
•ပထမဦးဆုံးRegistry editor ကို သွားရပါမယ်။အဲ့ဒိအတွက် Windows key နှင့် R key ကိုတွဲနှိပ်ပြီး Run box ခေါ်လိုက်ပါ။
ပေါ်လာသော Run box ထဲတွင် Regedit လို့ရိုက်ထည့်၍ Enter ခေါက်လိုက်ပါ။
Registry Editor tab box ကျလာပါလိမ်မယ်။အဲ့ဒိ Tab box ထဲမှ
HKEY - Current -User >>Software >>Microsoft >> Windows >>Current Version မှ Policies သို့
သွားလိုက်ပါ။ ပြီးလျှင် Policies ပေါ်တွင် Right click ထောက်၍ New Key မှာ Active Desktop လို့အမည်ပေးလိုက်ပါ။
ပြီးလျှင် အဲဒိ့ Active Desktop အမည်ပေါ်တွင် R click ထောက်၍ New Dword value ကိုဖွင့်ပြီး No changing Wallpaper လို့အမည်ပေးလိုက်ပါ။ထိုနောက် No changing wallpaper ကို Double click ပေး၍ Value Data {1}လို့ရေးပြီး OK ပေး၍ပြန်ထွက်ပြီး စက်ကို Restart ချလိုက်ပါ။
အဆင်ပြေပါစေ…
No comments:
Post a Comment