နည်းပညာများ ဖုန်း {ROOT}များ PC - ဆော့ဝဲလ်များ Phoneနည်းပညာများ WINDOWS ဆိုင်ရာ COMPUTER ဆိုင်ရာ FLASH SOUNGS များ နည်းပညာ စာအုပ်များ VIDEOS ဝက်ဆိုဒ်များ Facebook နည်းပညာ Gmailနည်းပညာ Blog နည်းပညာများ
ကျနော့်ရဲ့ မုန်းသားလေးနည်းပညာ Blog မှ သင့်ကိုလေးစားစွာ ကြိုဆိုပါသည် ။ Phyo Wai Oo....

Tuesday, June 3, 2014

စက်ထဲက Files /Folders များကို သူတပါး ကူးယူလို့မရအောင် ပိတ်ထားမယ်

မိမိစက်ထဲက Files /Folders များကို သူတပါးကြည့်ယုံသာ ကြည့်လို့ရပြီး  USB Drives များနဲ့  ပေးမကူးလိုဘူးဆိုရင် ပိတ်ထားလို့ရပါတယ်။Passwwrd တို့ Softwres တို့နဲ့ မပိတ်ချင်ဘူး ဆိုရင်ပေါ့ ။

• Registry ထဲမှာ သွားပြင်ထားလို့ရပါတယ်။
အနည်းဆုံးတော့ အကောင့်နှစ်ခု ခွဲထားဖို့ လိုပါတယ်။
အကောင့်တခုကို Administrator ပြုလုပ်ပြီး နောက်အကောင့် တခုကို Limited အကောင့် ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။
Administrator အကောင့်ကိုတော့ Password ပေးထားဖို့ လိုပြီး ကျန်တာကိုတော့ မပေးထားလည်းရပါတယ်။
Registry ထဲမှာ ဝင်ပြင်ပေးရမှာဆိုတော့ Administrator အကောင့်ကသာ ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
လုပ်နည်းလမ်းစဉ်ကတော့…
ပထမဦးစွာ …
1…Windows key နှင့် R keyကိုတွဲနှိပ်ပြီး ပေါ်လာသော Run box ထဲမှာ Regedit လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
2…ပြီးရင် Registry Editor ထဲမှ HKEY- LOCAL-MACHINE ကိုတွေ့လျှင် Double click ပေးပါ။ တဖန်အောက်မှ System ကို Double click ပေးပါ။

3…၄င်း System အောက်မှ CurrentControl Set ကို Double click ပေးပါ။
4… CurrentControlSet အောက်မှ Control ကို Double click ပါ။
5… Control အောက်မှ Storage DevicePolicies ကိုရှာပါ။မရှိ့လျှင် ဘယ်ဘက်အခြမ်း လွတ်သောနေရာတွင် လက်ကလယ်ကလစ်နှိပ်၍ New ပေါ်လာလျှင် မြှားဘေးကို ရွေ့ပေးပြီး Key ကိုနှိပ်ပါ။ဘယ်ဘက်ခြမ်းတွင် Newkey#1ဆိုပြီးပေါ်လာပါလိမ်မယ်။၎င်းစာသားကို ဖျက် StorageDevice Policies ပြောင်းရေးပြီး Enter ခေါက်ပါ။ရှိ့နေပြီးသားဆိုရင်တော့ အသစ်လုပ်စရာ မလိုပါဘူး။

6… ပြီးသည်နှင့် StorsgeDevicePolicies ကိုကလစ်ပြီး ဘယ်ဘက်ခြမ်းတွင် လက်ကလယ်ကလစ်ထောက်ပြီး ပေါ်လာသော New ဘေးမှမြှားကိုရွေ့ပေးပြီး DWORD Value ကိုရွေးလိုက်ပါ။ NewValue#1 ဆိုပြီးပေါ်လာပါလိမ်မယ်။
ပေါ်ပေါ်လာချင်း WriteProtect ရေးပြီး Enterခေါက်လိုက်ပါ။ဖြစ်တည်လာသော အဲဒီ့ WriteProtect ကို ကလစ်နှစ်ချက်နှိပ်ပြီး ပေါ်လာသော Edit DWORD Value  tab ထဲမှ Value data အောက်က အကွက်ထဲတွင် 1 လို့ရေးပြီး OK ပေး၍ ပြန်ထွက်လိုက်ပါ။ ဘယ်သူမှ မိမိ စက်ထဲက Files / Folders တွေကို ကူးယူလို့ မရတော့ပါဘူး။

မှတ်ချက်  …{ ပြန်ပြင်ချင်တယ်ဆိုရင်တော့ အထက်ပါအတိုင်းပြန်ဝင်ပြီး  WriteProtect ဆိုတဲ့စာသားကို  Shift+Delete လုပ်လိုက်ပါ။
Registry မှ ပြန်ထွက်လိုက်ပါက နဂိုအတိုင်းပြန် ကူးယူလို့ရပါပြီ။
 သင်နှင့်သင့်ပညာကို လေးစားလျှက် …phyoely




No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...